အားလုံးပဲမင်္ဂလာပါ ထားဝယ်သားလေး blog ကိုလာလည်တဲ့ သူငယ်ချင်းတွေအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်ပေးပါတယ်နော်... .....လာလည်တဲ့ မိတ်ဆွေ သူငယ်ချင်း အားလုံးကိုလဲ ကျေးဇူးတင်ပါတယ်.......... Myanmar Calendar

Wednesday, 4 September 2013

How to make colored pencil sketch !!!! ခဲပန်းချီဆွဲမယ် ( ဖိုတိုရှော့စ်သင်ခန်းစာ )


ကျွန်တော်တို့ဒီတစ်ခါ အလွယ်ကူဆုံးနည်းဖြင့် ဖိုတိုရှော့စ်ကိုသုံးပြီးတော့ မိမိဓါတ်ပုံလေးကို
ခဲပန်းချီဒီဇိုင်းလေးဖန်တီးရအောင်။ စိတ်ဝင်စားတဲ့သူငယ်ချင်းတွေက ကျွန်တော်နဲ့အတူလိုက်လုပ်
ကြည့်ရအောင်။ ပထမဆုံးမိမိအသုံးပြုမဲ့ ပုံလေးကိုအရင်သွား.ူလိုက်ပါ။
ပုံ 1 ။။ ကျွန်တော်တို့ဒီပုံလေးကို ပထမဆုံး duplicate layer ယူဖို့အတွက် မြှားပြထားတဲ့အတိုင်း
မောက်လေးနဲ့ဖိဆွဲသွားပြီးပြထားတဲ့အကွက်ထဲမှာ လွှတ်တ်လိုက်ပါ။ဒါကတော့လွယ်လွယ်ကူကူပြတာပါ။
ပုံ 2 ။။ ပြီးရင်သူ့ကိုအဖြူအမဲလုပ်ဖို့အတွက် (Image>Image Adjustments>Desaturate) ကိုသွားပြီး
ယူလိုက်ပါ။ ပုံသေးရင်ကလစ်ပြီးကြည့်ပါ။
ပုံ 3 ။။ ပြီးရင် ကျွန်တော်တို့ Blackground copy ယူထားတာလေးကို ထပ်ပြီး duplicate layer
ယူဖို့အတွက် မြှားပြထားဒတဲ့အတိုင်း ဖိပြီးဆွဲသွားလိုက်ပါ။
ပုံ 4 ။။ ပြီးရင်ပုံမှာပြထားတဲ့အတိုင်း Normal ဘောက်လေးထဲကနေ Color Dodge ကိုယူလိုက်ပါ။
ပြီးရင်တစ်ဆက်တည်းမှာပဲ Filter >> Blur >> Gaussion Blur ကိုယူလိုက်ပါ။ပြီးရင်သူ့ကို
20.5 pixel လောက်ထားလိုက်ပါ။
ပုံ 5 ။။ ဒါဆိုရင်အောက်ပုံလေးအတိုင်းထွက်လာပါမယ်။
ပုံ 6 ။။ ပြီးရင် ကျွန်တော်တို့ Background copy Layer ကို Opacity ကို 65% လောက်ထားလိုက်ပါ။
             အိုကေဒါဆိုရင်တော့အောက်ကပုံလေးအတိုင်း ခဲပန်းချီ စတိုင်းလေးထွက်လာပါပြီ။
                                သူငယ်ချင်းတို့အတွက်နည်းပညာလေးတွေသိသလောက်မျှဝေပေးတာပါ။
                   အဆင်ပြေကြပါစေ။
                                   www.mm-knowledge.com 
                                      နည်းပညာမြို့တော် 

No comments: