အားလုံးပဲမင်္ဂလာပါ ထားဝယ်သားလေး blog ကိုလာလည်တဲ့ သူငယ်ချင်းတွေအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်ပေးပါတယ်နော်... .....လာလည်တဲ့ မိတ်ဆွေ သူငယ်ချင်း အားလုံးကိုလဲ ကျေးဇူးတင်ပါတယ်.......... Myanmar Calendar

Tuesday, 14 August 2012

PenDrive တွေကို Virus မဝင်အောင် Security လုပ်နည်း

  
    ပထမဦးဆုံးအနေနဲ. ကိုယ်ရဲ့ pen drive ထဲကဖိုင်တွေကို တနေရာမှာ Backup လုပ်ပြီး Format ရိုက်ထားပါ။ Format ရိုက်တာကတော့သိပ်ထွေထွေထူးထူး မပြောချင်ဘူး။ မပြောတော့လည်း မပြီးပြန်ဘူး။






















My computer ဖွင့်ပြီး ကိုယ် Pen Drive ပေါ်မှာ ညာဘက်ကလစ်လုပ်ပြီး Format လိုပြော။




















ပြီးရင် start လို।ပြော။ Data တွေပျောက် ကုန်မယ်လို। သူက သတိပေးရင် ok လို.ပြောလိုက်။



















သူ.ဘာသာဖောမက် ရိုက်သွားလိမ့်မယ်။

















>ပြီးရင် Format Complate လို့ပြောရင် ok လို့ပြောလိုက်ပါ



















ပြီးရင် start ထဲကနေ run ထဲမှာ cmd ဆိုပြီး enter ခေါက်ပါ ။




















command ဘောက်စ်လေး ပေါ်လာပြီဆိုရင် ဒီလိုလေးရိုက်ပေး။ convert e: /fs:ntfs ဆိုပြီး အန်တာခေါက် e: ဆိုတဲ့နေရာမှာ ကိုယ့်ရဲ့ Pen Drive Latter ကိုရေးပေးရမှာနော်။



















သူ. ဘာသာ NTFS File system ပြောင်းသွားလိမ့်မယ်။






















ပြီးရင်။ ကိုယ့်ထည့် ချင်တဲ့ ဒေတာတွေကို ကိုယ် Pen Drive ထဲကို ပြောင်းထည့်လို.ရပါပြီ။




















ပြီးရင် My computer ထဲမှာ Tools ထဲက Folder Option ကိုဖွင့်ပါ။


















View Tab ထဲမှာ ဟိုး အောက်ဆုံးက Use simple file sharing ဆိုတာကို အမှန်ခြစ် ဖြုတ်ပေးပါ။ ပြီးရင် Apply , OK ပေါ့။






















ပြီးရင် My computer ထဲက ကိုယ်ရဲ့ Pen Drive ပေါ်မှာ ညာဘက်ကလစ်လုပ်ပြီး Properties လိုပြောပေးပါ။



















Security Tab ထဲမှာ ပုံမှန်အားဖြင့် Full control ဖြစ်နေလိမ့်မယ်။






















အဲဒီမှာ Full Control ဆိုတာရယ်။ Modify ဆိုတာရယ်။ write ဆိုတာရယ်ကို အမှန်ခြစ် ဖြုတ်ပေးရပါမယ်။ ပြီးရင် Apply , Ok ပေါ့။


















အားလုံးပြီးသွားရင်တော့ ကိုယ်က Full Control ပြန်မလုပ်သရွေ. ဖိုင်တွေ ထပ်ထည့်လို.မရတော့ပါဘူး။ အထဲက ဖိုင်တွေကိုတော့ ပုံမှန်ယူသုံးလို. ရနေမှာပါ။

 


















Full Control ပြန်မလုပ်သရွေ. ဗိုင်းရပ်တွေကလည်း ကျွန်တော်တို. Pen Drive ထဲကို ၀င်လာနိုင်စရာမရှိတော့ဘူးပေါ့။
http://www.koyinmaung.co.cc/2011/01/pen-drive-virus-security.html
  အားလုံး အဆင်ပြေကြပါစေ ။

ဒီပို့လေးကတော့ gtalk မှာ မြန်မာလိုပျက်နေပြီး ပြန်မြင်ရအောင် အတွက်ပါ

ဒီပို့လေးကတော့   gtalk မှာ  မြန်မာလိုပျက်နေပြီး ပြန်မြင်ရအောင် အတွက်ပါ  တချို့   gtalk ရေးတဲ့အကွတ်ထဲမှာပဲ ကိုယ်ရေးနေတဲ့အချိန်ပဲ မြန်မာလိုပေါ်တယ်  gtalk အကွက်ထဲရောက်ရင်  လေးဒေါင့်တုန်းလေးတွေဖြစ်သွားရော  သူများရိုက်တဲ့စာကလဲ လေးဒေါင့်တုန်းလေးတွေပဲ ပေါ်နေတဲ့သူတွေအတွက်ပေါ့ သူငယ်ချင်းတွေက လာလာမေးကြတယ် ဘယ်လိုလုပ်ရမလဲတဲ့ကူညီပါဆိုလို့ပါ    ကျွန်တော်လဲပြောပြလိုက်ပါတယ် gtalk  ထဲကနေကော်ပီလုပ်ပြီး Microsoft word မှာ paste လုပ်ပြီးကြည့်လိုက်ပေါ့လို့ ဟဲဟဲစတာပါ….. ကဲလုပ်ပုံလုပ်နည်းကို   ပုံလေးတွေနဲ့အတူတူ ပြပေးခဲ့ပ့ါမယ်   ပထဦးဆုံးလုပ်ရမှာက   သင့်ကွန်ပျူတာမှInternet Explorer ကိုအရင်ဦးစွာဖွင့်လိုက်ပါ  ထိုနောက် Internet Explorer မှ tools ကိုကလစ်လိုက်ပါ ကျလာသောဘောက်မှ internet option ကိုကလစ်လိုက်ပါ ( ပုံ ၁-၂ တွင်ကြည့်ပါ ) internet options ဘောက်အပေါ်ဆုံးဘား၏ နောက်ဆုံးတွင်ရှိသော  advanced ကိုကလစ်ပြီး Reset
ကို နှိပ်ပေးလိုက်ပါ Reset internet explorer settings ဘောက်တခုထွက်လာပါမည် ( ပုံ ၃ - ၄ တွင်ကြည့်လိုက်ပါ ) ဆက်လက်ပြီး  Reset internet explorer settings ဘောက်မှ  delete personal settings ဆိုတဲ့စာသားလေးဘေးက လေးဒေါင့်အကွက်လေးကို  အမှန်လေးခြစ်ပေးလိုက်ပြီး reset ကိုနှိပ်လိုက်ပါ ( ပုံ ၅ - ၆ကို ကြည့်လိုက်ပါ ) ထိုနောက်အမှန်ခြစ်ထားတာလေး ( ၄ ) ခုပေါ်လာအောင်ခန စောင့်လိုက်ပါ  အမှန်ခြစ်လေး ( ၄ ) ခုစလုံးပေါ်လာပြီးဆိုလျှင် close လုပ်ပြီး ok နှိပ်လိုက်ပါ ပြီးလျှင်သင်ဖွင့်ထားသော internet explorer ကိုပိတ်လိုက်ပါ ( ပုံ ၇ - ၈ ကိုကြည့်လိုက်ပါ ) ကဲသင့်gtalk ကိုဖွင့်ပြီးသုံးကြည့်လိုက်တော့မြန်မာလိုရေးလို့ဖတ်လို့၇ပြီပေါ့ ကဲအဲလောက်ဆို ၀င်းဒိုးအသစ်တင်စရာမလိုတော့ဘူးပေါ့          တချို့တွေက အဲလိုပြသနာဖြစ်လာရင် zawgyi ကိုပြန်ဖြုတ်ပြန်ထည့်နဲ့လုပ်ကြည့်တယ်  မရတဲ့အဆုံးဝင်းဒိုးကိုပါအသစ်တင်ကျတယ် ကျွန်တော်ပြထားတဲ့အတိုင်းသာလုပ်ကြည့်ပါ          အားလုံးပြန် ok သွားလိမ့်မယ်  ….ကျေးဇူးတင်စွာဖြင့် ရေးသားသူ ( than tun aung )

Sunday, 12 August 2012

Gmail IP Spy (ဂျီမေးလ်မှာကိုယ်တဲ့ချက်တဲ့သူရဲ့နေတဲ့နေရာကိုသိချင်ရင်)

Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံ ကလဲ  ဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ သူ့ဆီကို Mail တစ်စောင်ပို့တဲ့အခါ သူဟာ အဲဒီ မေးလ်ကို ဖတ်လား မဖတ်လား ဆိုတာကိုလည်း သိနိုင်ပါတယ်။ Website နှစ်ခုကို အသုံးပြုပြီး လုပ်နိုင်ပါတယ်။  ပထမဆုံးတစ်ခု  က Spypig ပါ။

၁ ။ Browser ကနေ New Windows တစ်ခုကို ဖွင့်လိုက်ပါ။ http://www.spypig.com/ ကိုသွားလိုက်ပါ။
၂ ။ နောက် Windows တစ်ခု ထပ်ဖွင့်ပြီး ကိုယ့် Gmail ကိုဖွင့်ထားပါ။ Compose Mail ကိုနှိပ်ထားပါ။
၃ ။
Spypig ရဲ့ Step1 Text box မှာ ကိုယ့် email ကိုရိုက်ပါ။ Step2 မှာ Subject ထည့်ပါ။ Step3 မှာပေးထားတဲ့ ပုံတွေထဲက ကိုယ်ကြိုက်တာကို ရွေးပါ။ Step4 မှာ 3 ကိုရွေးပါ။
၎။ ပြီးရင် Click to Activate My Spypig ဆိုတဲ့ button လေးကို နှိပ်လိုက်ပါ။ အဲဒီအခါ အောက်မှာ စက္ကန့်တွေပါတဲ့ ပုံလေးတစ်ပုံ ပေါ်လာပါလိမ့်မယ်။
၅။ အဲဒီပုံလေးကို နှိပ်ဆွဲပြီး Gmail ရဲ့ Body ထဲမှာ လွှတ်ချလိုက်ပါ။
၆။ ပြီးရင် တခြားစာလေးဘာလေးစသည်ဖြင့် ရိုက်ထည့်ပြီး Send ကိုနှိပ်လိုက်ပါ။

ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖတ်လိုက်တဲ့အခါမှာ Spypig ဟာ Mail ဖတ်ပြီးတဲ့အကြောင်း သတိပေးစာကို ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။ အဲဒီထဲမှာ ဖတ်တဲ့သူရဲ့ IP လည်း ပါပါတယ်။
ဒါဆို သူ့ရဲ့ IP သိသွားပါပြီ။ ဘယ်နိုင်ငံကလဲ ဆိုတာကိုတော့ http://www.ip2location.com/free.asp ကိုဖွင့်ပြီး အစောက IP ကို ရိုက်ထည့်ပေးလိုက်ရင် ဘယ်နိုင်ငံကလည်းဆိုတော ပေါ်လာပါလိမ့်မယ်။
အင်တာနက်မှာ စိတ်ကွယ်ရာမရှိပါဘူး။

Tuesday, 7 August 2012

photoshop နဲ့ စလုံးဒီဇိုင်းလေး ဖန်တီးကြည့်ရအောင်

  အရင်ဦးဆုံး (စာရေးဖိုကအတွက်  ဒီနေရာ):မှာသွားရေးပါ ရေးပီးရင်   ရေးထားတဲ့စာသားကိုဒေါင်းလော့ဆွဲလာခဲ့ ပီးရင်ဆွဲထည့်လိုက်..။  ပီးရင်စာလုံးကိုချိန်ပါ


Create StarCraft Interface Design in Photoshop CS3

Create StarCraft Interface Design in Photoshop CS3

စာလုံးကာလာ ကိုထည့်ဖို့အတွက် layar ထဲက : Blending Options>Drop Shadow  ကိုသွားအောက်ကပုံမှကြည့်လိုက်ပါ

Create StarCraft Interface Design in Photoshop CS3
ပီးရင်
Blending Options>Inner Shadow

Create StarCraft Interface Design in Photoshop CS3

Blending Options>Inner Glow

Create StarCraft Interface Design in Photoshop CS3

Blending Options>Bevel and Emboss

Create StarCraft Interface Design in Photoshop CS3

Blending Options>Bevel and Emboss (Contour)

Create StarCraft Interface Design in Photoshop CS3

Blending Options>Satin

Create StarCraft Interface Design in Photoshop CS3

Blending Options>Pattern Overlay ဒီနေရာမှာ pattern out လုပ်ပီး Texture Fill 2
အဖြစ်ပြောင်းလဲသုံးစွဲလို့ပါတယ်တယ်...

Create StarCraft Interface Design in Photoshop CS3

Create StarCraft Interface Design in Photoshop CS3
အားလုံးအဆင်ပြေကြပါစေ..။

Floder လေးတွေမှာ မိမိဓာတ်ပုံကို Icon အဖြစ်နဲ့ထားချင်တယ်ဆိုရင်

Floder လေးတွေမှာ မိမိဓာတ်ပုံကို Icon အဖြစ်နဲ့ထားချင်နေသူများအတွက်ရည်၇ွယ်ပါတယ်.....
   အဆင့်(၁)

၁) Start က All Programs ကနေ Paint ကို ဖွင့်ပါ။
၂) Paint ပေါ်လာရင် Open ကနေ မိမိတို့ လုပ်ချင်တဲ့ ဓါတ်ပုံကို ဖွင့်လိုက်။
၃) ဓါတ်ပုံပေါ်လာရင် Save As လုပ်။ Save As Box ပေါ်လာရင် File name မှာ ပေးချင်ရာပေး။ နောက်က ico လေး ထည့်ပေး။ (ဥပမာ - myphoto.ico ပေါ့)
၎) Save as type မှာ 24-bit Bitmap (*bmp,*dib) ကိုရွေးပြီး မိမိနှစ်သက်ရာမှာ Save လိုက်ပါ။

အဆင့်(၂)

၁) မိမိတို့ ပြောင်းချင်တဲ့ Folder ကို Right Click လုပ်ပါ။ Properties ကို ရွေး။
၂) Box ကျလာရင် Costoumize ကို ရွေး။ Change Icon ကို နှိပ်။ Brown ထဲမှာ ပထမက မိမိတို့လုပ်ထားတဲ့ ပုံကို ရွေးလိုက်။
၃) Ok ။ Apply ။ Ok ပေါ့။ ဒါဆို ပြီးပြီ။
မသိသေများအတွက်ရည်ရွယ်ပါတယ်.....သိပြီးသားဆိုရင်တော့တောင်းပန်ပါတယ်......
မှတ်ချက်။  ။ဝင်းဒိုး 7  မှာ  ကတော့.. Start - All programs - Accessories - Paint ...ပါ..

Sunday, 5 August 2012

gmail password ခိုးနည်လေးပါ.


      GoldenEyeSpyware  ဗျ  gmail password  ခိုးနည်လေးပါ....ဒီးနည်းလေးက keylogger ထက်သုံးရတာအဆင်ပိုပြေမယ်ထင်လို့ပါ.. သူငယ်ချင်း တစ်ယောက်တောင်းလို့  သူတောင်းတာက keylogger  ပါ   ဒါပေမဲ့  ပိုအဆင်ပြေမယ်ထင်လို့ ဒါလေးပဲ တင်ပေးလိုက်တယ်နော် ..... ကောင်းတဲ့နေရာမှာသာသုံးပါဗျနော်...တောင်းပန်တယ်....ဟတ်ကင်းဆိုဒါလေးနဲ့ပဲကျေနပ်တော့နော်.... ကျန်တာကတော့မတောင်းပါနဲ့နော်......  အဟီး
  ဒီ Software လေးကလည်း  Password ခိုးပေးတဲ့ Program ပါ။ဘယ်လိုခိုးပေးလဲဆိုတော့ ဒီSoftware တင်ထားတဲ့စက်ဆိုရင်သွားမသုံးလိုက်နဲ.သုံးလိုက်တာနဲ.သုံးလိုက်သူရဲ. Password၊သုံးနေတုန်းအရာမှန်းသမျှကို ပုံအနေနဲ.ဖော်ပြပါတယ်။ပြီတော့အသုံးပြုသူကြည့်ခဲ့တဲ့Websiteလိပ်စာကအစမှတ်ထားပေးပါတယ်။ဘယ်လိုသုံး
ရလဲဆို တာကိုတော့အောက်မှဆက်လုပ်ကြည့်ပါအုံး။အရင်ဦးဆုံး ဒီနေရာကနေ Download ဆွဲလိုက်ပါဦး။
Downlaod ချပြီးရင်တော့ Win Zip ဖြည်ရပါလိမ့်မည်။ ဖြည်လို.ရလာတဲ့ Folder မှ Goldeneye Setup File ကိုကလစ်နှိပ်ပြီ Install လုပ်ပေးပါ။လွယ်ပါတယ်။ Next ၊Install ၊Finish ဆက်တိုက်နှိပ်သွားလိုက်ပါ။

ပြီးရင်တော့Registerလုပ်ရပါမည်မလုပ်ပါက၁၅ရက်ပဲသုံးလို့ရပါတယ်။Registerလုပ်နည်းကလွယ်ကူ ပါတယ်Install လုပ်ပြီးတာနဲ့ auto ပေါ်လာချိန်တွင်Register ဆိုတဲ့ပေါ်မှာနှိပ်ပါ။


ပြီးရင် Download တုန်းကပါလာတဲ့ Folder ကိုပြန်ဖွင့်ပါ။အဲဒီထဲက Golden Eye 4.5 Crack File ဆိုတာကိုဖွင့်ပြီးအဲဒီထဲက keygen.exe ကိုဖွင့်ပါ ။ပြီးရင် Register ဆိုတဲ့နေရာမှာ keygen ထဲက name ရယ် codeရယ်ကို copy လုပ်ပြီး Register ထဲမှာထည့်ပါပြီးရင်တော့ ok နှိပ်ပါ။Register လုပ်တာအောင်မြင်ကပါ Box အပေါ် ၁၅ရက်သာအသုံးပြုရန်စာသားပျောက်သွားပါလိမ့်မယ်။

Program ကိုဖျောက်ရန်အတွက် မျက်လုံးပုံအောက်ရှိ Invisible mode ကိုကလစ်နှိပ်ပါ။ဒါမှသာလျှင်သုံးမယ်
သူ User က Program မမြင်ရမှာဖြစ်ပါတယ်။


Program ကိုစတင်အလုပ်လုပ်ရန်အတွက် Start Mornitoring ကိုကလစ်နှိပ်ပါ။
လက်ရှိမြင်နေရသော Box ကိုဖျောက်ရန်အတွက် Hide ကိုကလစ်နှိပ်ပါ၊Ok နှိပ်ပါ။

Gtalk ဖွင့်ပါ။username နှင့် password ရိုက်ပါ။5 မိနစ်လောက် Chatting ၀င်လိုက်ပါ။ကြာလေကောင်းလေပဲ။
နောက်ပြီး IE ကိုဖွင့်ပြီး Website ကြည့်ပေးပါ။ကြာလေကောင်းလေပဲ။စုစုပေါင်း ၁၅ မိနစ်လောက်သုံးပေးပါ။
သုံးပြီသွားရင်တော့ Golden Eye ကိုဖော်လို.ရပါပြီ။

Golden Eye ကိုပြန်ဖော်မယ်ဆိုရင် Shortcut က Ctrl +Alt+Shift+P ကိုစုံနှိပ်ပေးပါ။အောက်မှပြထားတဲ့
ပုံအတိုင်းပေါ်လာပါလိမ့်မယ်။
ပေါ်လာတဲ့အခါမှာပုံမှာပြထားတဲ့အတိုင်း ထိပ်က Report Tab ကိုနှိပ်ပါ။Report Tab မှအရေးကြီး
သောအရာများမှာ-
keyStokes =မိမိ Keyboard မှရိုက်ထည့်သောစာများကိုဖော်ပြသည်။အထူးသဖြင့်မိမိ Gtalk ၀င်တုန်း
မိမိ Gtalk ရဲ. Username နှင့် Password ကိုမှတ်ထားပေးသည်။

Website =မိမိကြည့်ခဲ့သော Website လိပ်စာများကိုသိမ်းဆည်းပေးသည်။

screenshots=မိမိသုံးခဲ့သော Desktop မျက်နှာပြင်ကို ၂မိနစ်တခါဓါတ်ပုံအဖြစ်သိမ်းပေးသည်။


Monitoring Tab မှာကိုကြိုက်တဲ့ Setting ပြောင်းလို့ရပါတယ်။
Options Tab ကတော့ ဒီ program ပြန်ဖော်နိုင်ရန်အတွက် Shortcut ပြောင်းပေးလို.ရပါသေးတယ်။
Password လဲလုံခြုံအောင်ပေးလို.ရပါတယ်။
About ကတော့ ဒီ Program ကိုဖြုတ်လို.ရအောင် Uninstall ရှိပါလိမ့်မယ်။
အားလုံးအဆင်ပြေကြပါစေနော်....။

Saturday, 4 August 2012

ကိုယ်ပိုင် deface/source code! တွေ ထုတ်လုပ်မယ်

    ဒါကတော့ လူမစွမ်း နတ်မဆိုတဲ့နည်းတွေပါ ကိုယ်တိုင်မတတ်တော့ အသင့်ဖန်တီးနည်းတွေရှာသုံးရမယ်လေ ဟုတ်ဘူးလား ဟဲဟဲ ဒီတော့ ဖန်တီးနိုင်အောင်လင့်ပေးလိုက်မယ် သုံးနည်းတော့ပြောဘူး ဥာဏ်ရှိသလို သုံးစေပေါ့
ဆရာစား ချန်တာတော့မဟုတ်ပါဘူး... ဇွဲဆိုဒ်ကသူငယ်ချင်းတွေ ဖြတ်ထိုးဥာဏ်ကောင်းလဲ  သိချင်လို့...ဟဲဟဲ
စတာပါ စမ်းကြည့်လိုက်နော်...

Source Code Encoder

http://www.palmantics.com/html/htmlencoder/
HTML Encoder Decoder
http://www.auditmypc.com/html-encoder.asp

Mobile Phone နဲ့ မြန်မာဖောင့်


   လာလာမေးနေကြလို့ဗျာ........နေ့လည်ကလည်း တစ်ယောက်လာထပ်ပေးမလို့
ကျနော်ကတတ်လို့မဟုတ်ဘူးဗျို့.....iTunes တွေ  iPhone  တွေကိုင်နိုင်ဖို့နေသာသာ nokia  တောင်သူများပေးထားလို့ ...အဟီး  မဖွနဲ့နော်..... အဆင်ပြေအောင်လို့လည်းရှာထားပေးတဲ့မျက်နှာလည်းထောက်ပေး ဦး...ငှဲ့ငှဲ့
အဆင်ပြေမယ်ထင်တာတွေရှာတင်ပေးထားတာပါဗျာ ကျနော်ရေးထားတာတစ်ခုမှမပါပါဗျာ
ခေါင်းစဉ်တစ်ခု စီရဲ့အပေါ်မှာ မူရင်းလင့်တွေ ထည့်ပေးထားပါတယ်
မရရင်တော့မူရင်းဆိုက်ကလူတွေဆီမေးကြပါ ကျနော်တော့ဘာမှမသိပါ...
မေးရင်လည်းဘာမှဖြေပေးနိုင်မှာမဟုတ်လို့ပါ.


WINDOWS MOBILE PHONE ထဲ ဇော်ဂျီ ထည့်ခြင်း (၂)

WINDOWS MOBILE PHONE ထဲ ဇော်ဂျီ ထည့်ခြင်း (၂)


ဒီနည်းကတော့ နောက်ဆုံးပေါ်နည်းပါ။
ပထမဆုံး ဖုံးထဲက window ထဲက font folder ထဲကို Zawgyi-one.tff ကို သွားထည့်ထားလိုက်ပါ။
INGChangeFont ကို အောက်ကလင့်ကနေ ဒေါင်းလိုက်ပါ။
http://www.mediafire.com/file/g93gc61gm6z6cf3/INGChangeFont.cab

window ဖုံးတွေမှာ အလွယ်တကူ ဖောင့်ချိန်းနိုင်တဲ့ software ပါ အရင်လို reg ထဲသွားပြီး ပြင်စရာမလိုပါဘူး
ပြီးရင် install လုပ်ပြီး အဲဒီ app ကို ဖွင့် ပြီးရင် font နေရာမှာ zawgyi ချိန်းပေးလိုက်ရုံပါဘဲ
keyboard ကိုတော့ နည်း ၁ ထဲမှာ ထည့်တဲ့နည်းအတိုင်း ထည့်လိုက်ပါ။

WINDOWS MOBILE PHONE ထဲ ဇော်ဂျီ ထည့်ခြင်း (၁)


ဒီနည်းဟာ အရင်ကအသုံးပြုခဲ့သော နည်းဖြစ်ပါတယ်။
http://www.2shared.com/file/9070833/b067f525/zawgyi_keyboard_for_wm...
ပထမဆုံး အပေါ်ကနေဒေါင်းပြီး software လေးယူလိုက်ပါ..
ပြီးရင် Zawgyi Mobile Keyboard.CAB ကို install လုပ်လိုက်ပါ.. install တော့လုပ်တတ်မယ်ထင်တယ်နော်..
(မကြိုက်ရင် ပြန်ဖြုတ်ပုံလဲ အဲ့ထဲမှာပါတယ်..ဖတ်ကြည့်ပါ..)
ပြီးရင်တော့ keyboard နေရာမှာ ချိန်းပြီး zawgyi keyboard သုံးလို့ရပါပြီ..
အဲ.. ဒါပေမယ့် ဖောင့်ရသေးဘူး..
နောက်ဆက်လုပ်ရမယ့် အဆင့်တွေရှိသေးတယ်..
ခုနက ဒေါင်းထားတဲ့ထဲမှာပါတဲ့ TRE.arm.CAB ကို install ထပ်လုပ်လိုက်ပါ။

TRE ကိုသုံးပြီး HKEY_LOCAL_MACHINE\System\GDI\SysFnt အတိုင်းသွားပြီး Nm နောက်က Tahoma ကို ZawGyi-One လို့ချိန်းလိုက်ပါ။
HKEY_LOCAL_MAHINE\SYSTEM\GDI\V1\FontAlias မှာလဲ Tahoma ကို ZawGyi-One လို့ချိန်းလိုက်ပါ။
HKEY_LOCAL_MACHINE\\SYSTEM\GWE\Menu\Menufnt\Barfnt မှာ Tahoma ကို ZawGyi-One လို့ချိန်းလိုက်ပါ။
HKEY_LOCAL_MACHINE\\SYSTEM\GWE\Menu\Menufnt\Popfnt မှာ Tahoma ကို ZawGyi-One လို့ချိန်းလိုက်ပါ။
HKEY_LOCAL_MACHINE\\SYSTEM\GWE\Menu\OOMFnt မှာ Tahoma ကို ZawGyi-One လို့ချိန်းလိုက်ပါ။
ပြီးရင် ဖုံးကို ပိတ်ပြီးပြန်ဖွင့်လိုက်ပါ..
သင်လိုချင်တဲ့ ဇော်ဂျီဖောင့်နဲ့ ဆိုဒ်တွေကို မြင်ရမယ့် အပြင် ဖုံးထဲမှာပါ ဇော်ဂျီကို သုံးလို့ရပါလိမ့်မယ်…

Myanmar Font for Nokia (with FontRouterMan)

Myanmar Font for Nokia (with FontRouterMan)



http://code.google.com/p/fontrouter/

http://www.mediafire.com/file/djvzmlzgn2m/FontRouterManV1.06RC_S60_...
အဲဒီနှစ်ခုကို ဒေါင်းပြီး ဖုံးထဲက internal memory မှာ install လုပ်လိုက်ပါ..
filemanager ကိုသုံးပြီး C:/data/Fonts ထဲကို ဇော်ဂျီဖောင့်(.ttf ဖြစ်ရပါမယ် .TTF မဖြစ်ရပါဘူး)ထည့်လိုက်ပါ..
ပြီးရင် ခုနက install လုပ်ထားတဲ့ FontRouterMan ကိုဖွင့်ပါ
option ကနေပြီး c အောက် ကိုယ်ထည့်ထားတဲ့ ဖောင့်ဖိုင်ကိုရွေး ပြီးရင် ထွက်လိုက်ပါ..
www.symbian-guru.com/wp-content/uploads/2009/08/how_to_change_choos..." height="240" width="320" />
ဖုံးကို reboot ပြန်လုပ်လိုက်ပါ
မြင်ကွင်းကိုတော့ အထဲမှာပါတဲ့ အတိုင်း လိုက်ညှိကြည့်လိုက်ပေါ့…သေချာတာက တခါလုပ်ပြီးတိုင်း တစ်ခါ reboot လုပ်ရမှာပါ..မြင်ကွင်းကိုတော့ အထဲမှာပါတဲ့ အတိုင်း လိုက်ညှိကြည့်လိုက်ပေါ့…သေချာတာက တခါလုပ်ပြီးတိုင်း တစ်ခါ reboot လုပ်ရမှာပါ..
nokia 5800 နဲ့ N95 မှာသေချာပေါက်ရပါတယ် စမ်းကြည့်ကြပါ

iTunes 10 တွင် Zawgyi Font ရအောင် လုပ်ခြင်း


0
0
 
Rate This
iTunes 10 အတွက်လည်း မြန်မာ Font သုံးလို့ရသွားပါပြီ။
အရင်ဆုံး Resource Folder ထဲက en.lproj အောက်ကTextStyles.plist ဆိုတာကို ရှာပြီး Notepad လိုမျိုး Plain Text Editor နဲ့ဖွင့်ပါ။

ကျွှန်တော်ကတော့  Notepad ++ နဲ့ပဲ ပြပါမယ်။

ဖွင့်လိုက်ရင် ပုံထဲက အတိုင်း xml နဲ့ရေးထားတဲ့ Text File ပေါ်လာပါမယ်။
ပုံထဲမှာ Segoe UI (Windows 7 Default Font) နှင့် Tahoma ဆိုတဲ့ Fonts နှစ်ခုရယ် ပုံထဲမှာ မမြင်ရတဲ့ Lucida Grande ဆိုတဲ့ Font ရယ်တွေ့ရပါမယ်။

ပြီးရင် အခုနကပြောတဲ့ Fonts သုံးခုလုံးကို Zawgyi-One နဲ့ လဲပါမယ်။ Replace ကို Ctrl + H နှိပ်ပြီး ခေါ်လို့ရသလို ပုံမှာလည်းပြထားပါတယ်။

Find What တွင် Segoe UI, Tahoma နဲ့ Lucida Grande တို့ကို ရိုက်ထည့်ပြီး Replace With မှာ Zawgyi-One သို့ မိမိသုံးမဲ့ Font Name ကို ရိုက်ထည့်နိုင်ပါတယ်။ ပြီးရင် Replace All ကိုနှိပ်ပြီး Save လုပ်ပေးလိုက်ပါ။

အားလုံး လုပ်ပြီးသွားပြီ ဆိုရင်တော့ အောက်ကအတိုင်း မြင်ရမှာ ဖြစ်ပါတယ်။

တစ်ခုကောင်းတာက zawgyi မသုံးချင်ရင် lang ချိန်းလိုက်တာနဲ့ အဆင်ပြေသွားပါလိမ့်မယ်။
ပုံတွေကို demohunter ဆီက ယူသုံးထားပါတယ်။း)
Posted in window. Tags: apple, font, zawgyi. 2 Comments »

How To Install Zawgyi On JailBroken IPhones/IPod/IPad


0
0
 
Rate This
Cydia ကို သွားပါ။ Manage အောက်က Source ကို သွားပါ။ Edit ကနေ Add လုပ်လိုက်ပါ။ address တွင်
Http://Cydia.Macforus.Com
ကိုထည့်လိုက်ပါ။ ပြီးလျှင် Package များကို သူ reload လုပ်ပါမည်။ အကုန်ပြီးသွားလျှင် Sections အောက်တွင် Zawgyi ဆိုတာ ပေါ်လာမည်။ အထဲတွင်
Zawgyi Font နှင့် Zawgyi Keyboard ဆိုပြီး ၂ ခုရှိပါသည်။
Zawgyi Font
Zawgyi Font သည် System Font များကို hack ပြီးတော့ မြန်မာစာ စာလုံးများ ထည့်သွင်းထားခြင်းဖြစ်သည်။ ထို့ကြောင့် သွင်းပြီးပါက remove ပြန်လုပ်နိုင်မည် မဟုတ်ပါ။ remove ပြန်လုပ်ပါက itune မှ restore ပြန်လုပ်လိုက်ရပါမည်။ Zawgyi Font package သည် application များ အားလုံးနီးပါးတွင် မြန်မာစာ ပေါ်စေရန် font များကို ပြုပြင်ထားခြင်းသာဖြစ်သည်။
Zawgyi Keyboard
Zawgyi Keyboard ကိုသွင်းရာတွင် iKeyEx , Zawgyi Font နှင့် အခြား Dependencies များကို အလိုအလျောက်သွင်းသွားမည်ဖြစ်သည်။ အောက်ပါ ပြဿနာများ ကြုံတွေ့ရတတ်သည်။
၁။ English စာတွင် auto correct မဖြစ်တော့ခြင်း။ ( 3.1.2 တွင် auto correct အလုပ်လုပ်ပါသည်။ သိပ်မသေချာပါ။ အများအားဖြင့် အလုပ်လုပ်ပါသည်။ )
၂။ keyboard အတက်နှေးခြင်း။
၃။ အချို့ version များတွင် အသုံးပြုမရခြင်း။
စတင်ခြင်း
၁။ Settings > iKeyEx > Mix and Match >Make ကိုသွားပါ။
၂။ Layout ကို Zawgyi ရွေးလိုက်ပါ။ name ကို Zawgyi လို့ပေးလိုက်ပါ။
၃။ Mix and Match > iKeyEx >Keyboards ကို ပြန်သွားပါ။
၎။ Zawgyi ဆိုတာလေး ဘေးနားရှိ + လေးကို နှိပ်လိုက်ပါ။
၅။ သွင်းပြီးပြီဆိုပါက သင့် iPhone/iPod Touch ကို restart ချလိုက်ပါ။
keyboard ပြောင်းချင်လျှင် ကမ္ဘာလုံးပုံလေးကို နှိပ်ကာ ပြောင်းလဲနိုင်ပါသည်။
How to upgrade
အသစ်ထွက်ခဲ့သောကြောင့် upgrade လုပ်လိုလျှင် Cydia > Changes > Refresh ကိုနှိပ်ပြီး Upgrade ပေါ်လာပါက upgrade လုပ်ပါ။ ပြီးလျှင်
Settings > iKeyEx > Keyboards > Zawgyi ကို – icon လေးကို နှိပ်လိုက်ပါ။
iKeyEx > Setings ကို ပြန်သွားလိုက်ပါ။ Mix and Match > Zawgyi > Delete ကို နှိပ်လိုက်ပါ။
ပြီးလျှင် Mix and Match ကနေ Zawgyi keyboard ကို အပေါ်ကအတိုင်း ပြန်လည် ထည့်သွင်းနိုင်သည်။
Tip: Settings > General > Keyboard > Auto-Capitalization ကို off ထားလျှင် မြန်မာစာ ရိုက်ရတာ ပိုအဆင်ပြေသည်

Myanmar font for Blackberry


တဖြည်းဖြည်းနဲ့ လူသုံးများလာတဲ့ blackberry အတွက်လဲ ဇော်ဂျီ ရပါပြီ…
Smiley Myanmar ပါတဲ့ ခင်ဗျာ..

သူကတော့ အင်္ဂလိပ်-မြန်မာ အဘိဓါန်ပါ.. ပြီးတော့ ဇော်ဂျီဖောင့်ကို install လုပ်ပေးပါတယ်.. ဒီတော့ ဇော်ဂျီ ရပြီပေါ့ ခင်ဗျာ…
Wireless နဲ့လုပ်ချင်တယ်ဆိုရင် ..
ဖုံးထဲကနေ
http://mountmandalay.net/downloads/bb/
ကိုသွားပါ..
ပြီးရင် MMDictionary 0.9.2.480 ကိုဒေါင်းပါ..
ဖုံးကမေးလာတဲ့ permission တွေကို ခွင့်ပြုလိုက်ပါ..
အဲလိုမဟုတ်ဘဲ လိုချင်ရင်တော့..
အောက်ကလင့်မှာ ဒေါင်းပါ..
http://mountmandalay.net/downloads/bb/smileymyanmar.zip

Smiley Myanmar ကို အသုံးပြုခြင်း
* Once you have installed, you can find it under downloads or applications folder.
* Open it for the first time. When you see the first screen, press BlackBerry menu.
* Click ‘Setting’, then you will see next screen.
* In next screen, click ‘Install’ to install Zawgyi Font.
* Back to previous screen.
* Type something you want to look up.
* *** You must have BlackBerry Internet plan or Wi-Fi turn on to use this app.
Supported Devices and OS
* BlackBerry OS 5 and OS 6
* 480 x 360 pixels
* BlackBerry 8900 (OS 5)
* BlackBerry 9630 (OS 5)
* BlackBerry 9650
* BlackBerry 9700
* BlackBerry 9780

Zawgyi (Font)

အထက်ပါ Keyboard layout ဖြင့် Alpha Info-tech မှ ထုတ်လုပ်သော ဇော်ဂျီဖောင့် သည် မြန်မာ ဝက်ဘ်ဆိုက်များတွင် အသုံးအများဆုံး ဖြစ်သည်။
ဇော်ဂျီ Unicode Fontသည် မြန်မာ ဝက်ဘ်ဆိုက်များတွင် အသုံးအများဆုံးသော ယူနီကုဒ်တု (pseudounicode) ဖောင့် တစ်ခုဖြစ်ပါသည်။ ဇော်ဂျီယူနီကုဒ်ဖောင့်သည် Unicode 4.0 (Myanmar1) encoding model ကို အခြေခံထားပါသည်။ သို့သော် နောက်ပိုင်းဆက်လက် ထွက်လာသည့် Unicode 4.1 (Myanmar2) နှင့် Unicode 5.1 (Myanmar3) ကို လိုက်နာခြင်းမရှိဘဲ သုံးစွဲသူ အလိုကျ Alpha Info-Tech Co., Ltd. မှ ဆက်တိုက် ပြုပြင်လာခဲ့ပါသည်။ ပါဠိ စာလုံးများ၊ သုံးထပ်ဆင့်များတွင် ပါဝင်ခြင်းမှာ အခြားယူနီကုဒ်ဖောင့် များဖြင့်မတူ တစ်မူထူးခြားချက်ဖြစ်ပါသည်။

Contents

[hide]

ဇော်ဂျီဖောင့် သမိုင်း

ဇော်ဂျီဖောင့် သမိုင်း

ဇော်ဂျီဖောင့် သမိုင်းမှာ ယခုအထိ ရှင်းလင်းခြင်း မရှိသေးပါ။[1] ဇော်ဂျီဖောင့် Annotation များတွင် မန္တလေးမှ ကိုဇော်ဝင်းမြတ် ရေးဆွဲသည်ဟု ပါရှိပါသည်။ ဇော်ဂျီယူနီကုဒ်ဖောင့် အလျှင်စလို ဖြန့်ဝေရခြင်းမှာ အခမဲ့ Unicode Font ထုတ်ဝေရန် တာဝန်ရှိသော အများပိုင် Myanmar NLPမှ အချိန်ဆွဲနေခြင်းကို တွန်းအားပေး ရန် အကြောင်းတစ်ရပ် ဖြစ်ကြောင်း သိရသည်။[2]ညီလင်းဆက် အဆိုအရ ဇော်ဂျီဖောင့်ကို အမည်မဖော်လိုသော ပညာရှင်ငါးဦးက ၂၀၀၅-ခုနှစ်လောက်တွင် စတင်ခဲ့သည်ဟု သိရပါသည်။ [3]။ အချို့ပြောဆိုချက်များအရ ဦးငွေထွန်း၏ project မှ ကျောင်းသားတစ်ယောက်က ပုည(ခေါ်)ဖောင့်တစ်ခု စမ်းသပ်ထုတ်လုပ်ပြီး www.planet.com.mm သို့ ၎င်းအနေဖြင့် တရားဝင် သုံးစွဲခွင့်ပြုခဲ့ရာ Planet Team မှ ယင်းတို့၏ ဝက်ဘ်ဆိုက်တစ်ခုလုံးကို ပုညဖောင့်သို့ စတင်ပြောင်းလဲ သုံးစွဲခဲ့သည်။ ထို့နောက် ဦးသောင်းစုငြိမ်းနှင့် ဦးရဲမြတ်သူတို့ ပါသည်ဟု ယူဆရသော ပညာရှင် ငါးဦးသည် စုစည်းကာ မန္တလေးမြို့အခြေစိုက် Alpha Info-Tech (Mandalay) (ဦးရဲမြတ်သူ၏ ကုမ္ပဏီ) ၏ နည်းပညာထောက်ပံ့မှုဖြင့် မန္တလေးမြို့ အခြေစိုက် ဖောင့်ဒီဇိုင်နာ ဦးဇော်ဝင်းမြတ်ထံ ဖောင့်ဒီဇိုင်းတစ်ခု အပ်ခဲ့ပြီး ဇော်ဂျီမြန်မာယူနီကုဒ်ဖောင့်ဟု ခေါ်တွင်စေကာ www.planet.com.mm မှ စတင်၍ တရားဝင် အခမဲ့ ဖြန့်ချိပေးပြီး သုံးစွဲခဲ့သည်။ နောက်ပိုင်းတွင် www.alpha.com.mm (Alpha Info-Tech ၏ ဝက်ဘ်ဆိုက်)မှလည်း နည်းပညာ အထောက်အပံ့များ ပြုလုပ်ပြီး ဖောင့်သာမက ဆက်စပ်နည်းစနစ်များပါ ဖြန့်ချိခဲ့သည်။ www.zawgyi.net အမည်ဖြင့် အဆိုပါ ဇော်ဂျီအဖွဲ့၏ တရားဝင် ဝက်ဘ်ဆိုက်ကို ၂၀၀၆ခုနှစ်တွင် လွှင့်တင်ခဲ့ပြီး တရားဝင် နောက်ဆုံးထွက် ဖောင့်များကို version number များ release date များဖြင့် စနစ်တကျ ဖြန့်ချိခဲ့သည်။ သို့သော် တရားဝင် ဝက်ဘ်ဆိုက်ကို အစဉ်အမြဲ ထိန်းသိမ်းရန် အားနည်းခဲ့သည့် အတွက် ဖောင့်အသစ်များကို www.alpha.com.mm ကဲ့သို့သော် အခြားလွယ်ကူသည့် နေရာများမှ ဖြန့်ချိဖြစ်ခဲ့သည်။ ယနေ့အချိန်ထိ ဇော်ဂျီဖောင့်သုံးစွဲသူများကြားတွင် တရားဝင်နောက်ဆုံးထွက် ဇော်ဂျီဖောင့်မဟုတ်သည့် version များလည်း များစွာ ပြန့်နှံ့လျက် ရှိသေးကြောင်း တွေ့ရသည်။ Myanmar IT Professional Zawgyi Group discussion များအရ ထိုငါးဦးအဖွဲ့တွင် ဦးသောင်းစုငြိမ်းနှင့် ကိုရဲမြတ်သူ ပါသည်ဟု မှန်းဆနိုင်သည်မှလွဲ၍ အခြားသူများကို မဖော်ထုတ်နိုင်ပေ။[4]
ဇော်ဂျီဖောင့်သည် ပုညသော်လည်းကောင်း၊ မြစေတီသော်လည်းကောင်း မည်သည့် ယူနီကုဒ်ဖောင့်၏ နောက်ဆက်တွဲ မဟုတ်ပဲ Unicode စံနှုန်းထဲမှ မြန်မာအတွက် စတင်ထုတ်စဉ်ကာလအထိ အတည်ပြုပြီးသား ယူနီကုဒ်သတ်မှတ်ချက်ကို အခြေခံပြီး ဇော်ဂျီအဖွဲ့၏ စိတ်ကူးအတိုင်း စံနှုန်းထက်ပိုလွန်၍ ရေးဆွဲသတ်မှတ်ထားခြင်း ဖြစ်သည်။ စတင်ထုတ်စဉ်မှ ယခုအထိ ဇော်ဂျီဖောင့်တွင် မြန်မာဂလစ်ဖ်များသာ ကိုယ်ပိုင်ဖြစ်ပြီး နိုင်ငံတကာဂလစ်များမှာ (Roman, Symbols, etc.) Microsoft ၏ Tahoma ကို ဆက်လက်ထည့်သွင်းထားခြင်း ဖြစ်သည်။
၂ဝဝ၅-၁၂-၁၃ နေ့တွင် မြန်မာ အင်ဖိုတက်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် Solveware Solution မှ မူပိုင်ခွင့် အလွဲသုံးစားမှုဖြင့် Alpha Computer ကို ပြစ်တင်ခဲ့သည်။ [5] ထို့နောက် ရက်ပိုင်းအတွင်း ဇော်ဂျီဖောင့်တွင် "Powerred by MyaZeDi" မူပိုင်ခွင့်မှတ်တမ်း ဖြုတ်ခဲ့သည်။ [6] ထိုအချိန်တွင် Alpha သည်လည်း ၄င်း၏ သီးသန့် ဇော်ဂျီဖောင့် ကို ထုတ်ဝေခဲ့ပြီး ဖြစ်သည်။
၂ဝဝ၇-ခုနှစ်တွင် Myanmar Computer Professional Association (MCPA) မှပေးအပ်သော Excellent Award ကို မြန်မာဇော်ဂျီ ယူနီကုတ်အဖွဲ့က ရရှိသည်။[7]
ဇော်ဂျီယူနီကုဒ်ဖောင့်ကို ၂ဝဝ၅-ခုတွင် Zawgyi အဖွဲ့ မှ စတင် ထုတ်ဝေခဲ့ပါသည်။ ၂ဝဝ၆-ခုတွင် PDF ပုံနှိပ်ထုတ်ဝေခြင်း အဆင်ပြေရန် ပြုပြင်ခဲ့ပါသည်။ ၂ဝဝ၈-ခုတွင် အသုံးပြုသူများ တောင်းဆို ချက်အရ --္ဘ နောက်တစ်ခုနှင့် bug fix နှစ်ခု ထည့်သွင်းခဲ့ပါသည်။
ယနေ့ထိတိုင် ဇော်ဂျီယူနီကုဒ်ဖောင့် ကို ဇော်ဂျီအဖွဲ့မှ ဦးဆောင်၍ Alpha Info-Tech ၏ အဓိက နည်းပညာပံ့ပိုးမှုများ၊ အခြား third-party developer များ၏ ပံ့ပိုး ဖြည့်စွက်တီထွင်မှုများဖြင့် ဇော်ဂျီသာမက ဆက်စပ်စနစ်များအားလုံးကို တိုးတက်အောင် ပြုလုပ်လျှက်ရှိပြီး ဖြန့်ချိပါသည်။ ဇော်ဂျီယူနီကုဒ်ဖောင့်သည် အစဉ်အမြဲ အခမဲ့ ဖြန့်ချိမည်ဟု ဆိုပါသည်။ [8]။ အိုင်တီနယ်ပယ်မှ အမည်မဖေါ်သူ ပညာရှင် ၅ဦးဖြင့် ပါဝင် ဖွဲ့စည်းထားသော www.zawgyi.net သာလျှင် Official ZawGyi Myanmar Font website ဖြစ်ပါသည် ဟုဆိုပါသည်။ [9]

ဇော်ဂျီယူနီကုဒ် နည်းပညာ နှင့် မြန်မာ့အင်တာနက် အကျိုးသက်ရောက်မှု

ဇော်ဂျီယူနီကုဒ် နည်းပညာသည် မြန်မာ အင်တာနက် အသုံးပြုမှုကို အရှိန်အဟုန် မြင့်တင်စေခဲ့ပါသည်။ ဇော်ဂျီယူနီကုဒ်ဖောင့် သည် Platnet Myanmar မှစ၍ လူသုံးများလာခဲ့ပါသည်။ နောက်ပိုင်း blogger များမှာ ဇော်ဂျီယူနီကုဒ်ဖောင့် ကိုသာ သုံးစွဲကြပါသည် ။ ယခုအချိန်တွင် မြန်မာသုံးစွဲသူ၏ Operating System တွင် ဇော်ဂျီယူနီကုဒ်ဖောင့် ရှိပြီးဖြစ်သဖြင့် သော်၎င်း၊ အလွယ်တကူ ဇော်ဂျီယူနီကုဒ်ဖောင့်ကို ရရှိနိုင်ခြင်းတို့ကြောင့် မြန်မာဝတ်ဆိုက်များ မှာ download link ပေးရန် မလိုအပ်ပေ။
ဇော်ဂျီယူနီကုဒ်ဖောင့်သည် မြန်မာဝတ်ဆိုက်များ သာမက gtalk များတွင်လဲ အသုံးများလျှက်ရှိပါသည်[10]။ သို့သော် စာစီစာ ရိုက်လုပ်ငန်းများတွင် အသုံးပြုခြင်းနည်းပါးခဲ့သည်။
ဇော်ဂျီယူနီကုဒ်ဖောင့်သည် ClearType Technology ကိုကောင်းစွာ အသုံးပြုထားသဖြင့် အခြား Unicode Font များထက် LCD screen တွင် သိသိသာသာ ချောမွတ်မှု ရှိပါသည်။
ဇော်ဂျီယူနီကုဒ်ဖောင့်၏ အားနည်းချက်များမှာ စံယူနီကုပ် မဟုတ်သည့်အပြင် codepoint ဖောင်းပွခြင်းနှင့် အစဉ်အတည်ကျမရှိခြင်း ဖြစ်သည်။ ဥပမာ စံယူနီကုပ်တွင် ရရစ်ကို codepoint တစ်ခုတည်း ရှိသော်လည်း ဇော်ဂျီတွင် ရှစ်ခု ရှိလေသည်။ ထိုအကြောင်းများကြောင့် ဤဝီကီ Interwiki Link များတွင် မကိုက်ညီမှု၊ ရှာရခက်ခဲ့မှု များရှိသည်။
ဇော်ဂျီဖောင့် အသုံးများရခြင်း အကြောင်းအရင်း တစ်ခုမှာ မြန်မာဘာသာနှင့် သက်ဆိုင်သော Unicode ပြုပြင်ခြင်း အပြီးမသတ် နိုင်သောကြောင့် ဖြစ်ပါသည်။ ၂ဝဝ၈-ခု၊ ဧပြီလ (၄)ရက်နေ့ပြဋ္ဌာန်း သော Unicode 5.1 မှာ မူအားဖြင့် ခိုင်မာခြင်းရှိသော်လည်း ဇော်ဂျီယူနီကုဒ်ဖောင့်သည် လောလောဆယ်ထိ လိုက်နာခြင်းမရှိပါ။ လိုက်နာခဲ့လျှင်လည်း ယခုသုံးနေသော် ဇော်ဂျီစာများဖြင့် ကိုက်ညီမှု မရရှိနိုင်ပေ။ ဇော်ဂျီယူနီကုဒ်ဖောင့်သည် မည်သည့် Unicode version မျှ လိုက်နာခြင်းမရှိသောကြောင့် သုံးစွဲသူများ အနေဖြင့် နောင်တစ်ချိန်တွင် သုံးမရမည်လောဟု သံသယများ ရှိနေပါသည်။

တိုင်းရင်းသား ဘာသာစာများ

စံယူနီကုဒ်ဖောင့်များတွင် မြန်မာ တိုင်းရင်းသား ဘာသာစာ ၆ မျိုးပါဝင်သောလဲ ဇော်ဂျီဖောင့်တွင် တိုင်းရင်းသား ဘာသာစာများ မပါရှိပေ။ သို့သော် ဇော်ဂျီဖောင့် ကိုချဲထွန်၍ ပြုလုပ်ထားသော ကရင်ဘာသာအတွက် ဇွဲကပင်ဖောင့် [11]၊ မွန်ဘာသာအတွက် ကော်မလိတ်မန်ညိဖောင့် [12] တို့ ရှိကြသည်။ ဇောဂျီအဖွဲ့သည် အခြား ဘာသာများကို ထပ်မံထည့်သွင်းပေးသွားမည်ဟုလည်း ပြောကြားထားသည်။

စံယူနီကုဒ် ၅.၁ နှင့် ဇော်ဂျီယူနီကုဒ် နှိုင်းယှဉ်ချက်

[hide] Unicode versus Zawgyi-One
Unicode Zawgyi-One
Bigger version here. Uncolored version here.
     Myanmar      Shan      Mon      Sanskrit and Pali
     S'gaw Karen      Western Pwo Karen      Eastern Pwo Karen      Geba Karen
     Kayah      Rumai Palaung      No character
Bigger version here. Uncolored version here.
     Myanmar      No character for pseudo-Unicode      No character

Zawgyi အားအခြေခံ၍


Zawgyi 2009

ဇော်ဂျီ ၂၀၀၉ ကို ကိုစိုးမင်းက ပြုလုပ်ခဲ့ပြီး rendering system ကို ထည့်သွင်းခဲ့သည်။ ထို့ကြောင့် မြန်မာ unicode တွင် ရရှိသော feature များကဲ့သို့ ရက်ပင့် ရက်ရစ် အကြီးအသေးပြောင်းပေးခြင်း ၊ ရေးခါ အကြီးအသေး ပြောင်းပေးခြင်းတို့ ပါဝင်လာသည်။ ထို့အပြင် KeyMaster ဟုခေါ်သော program အား input method အသစ်အဖြစ် ထပ်မံပါဝင်လာသည်။ သို့သော် keymagic သည် windows တစ်ခုတည်းသွင်းတာ အသုံးပြုနိုင်လေသည်။ ၂၀၀၉ ဟာ backward comparable အဖြစ် ထွက်လာသော်လည်း ၂၀၀၉ တွင် တရားဝင်ဖြန်ချိနိုင်ခြင်းမရှိသေးပါ။ တိုင်းရင်းသား စာလုံးများ မထည့်ခင်အထိသာ backward comparable ဖြစ်နိုင်ပြီး ထည့်ပြီးချိန်တွင် 5.2 Standard နှင့် code point ၄ခုသာ storage တွင် ကွာခြားမည်ဖြစ်သည်။ ယင်းတို့မျှာြ --ွ --ှ ဖြစ်ပြီး ဇော်ဂျီမှ ဦးစွာထည့်သွင်းထားသည်နှင့် တနေရာကွဲလွဲ၍ စတန်းဒတ်တွင် ထည့်သွင်းမိသောကြောင့် ဖြစ်သည်။ ၂၀၀၉ ၏ အခြားထူးခြားချက်မှာ မှားယွင်း ရိုက်သွင်းမှု့အချို့ကို အလိုလိုရေးထုံးမှန်အောင်ပြုပြင်ပေးခြင်းဖြစ်သည်။

ဇင်ယော် ဇီဝဇိုး

ဇင်ယော် နှင့် ဇီဝဇိုး font သည် ဇော်ဂျီ font အားအခြေခံထားပြီး စာလုံး design များ ပြောင်းလဲထားခြင်းသာဖြစ်သည်။ စာလုံး design များကို slayeroflion က ရေးသားထားခြင်းဖြစ်ပြီး OFL အနေနဲ့ ပေးထားခြင်းဖြစ်သည်။

Mobile


iPhone

iPhone Zawgyi သည် saturngod ပြုလုပ်ထားခြင်းဖြစ်ပြီး jailbreak လုပ်ထားသော ဖုန်းများတွင် မြန်မာစာရိုက်လို့ရရန်နှင့် ဇော်ဂျီနှင့်ရေးသားထားသည်များကို ဖတ်လို့ရရန် ဖန်တီးထားခြင်းဖြစ်သည်။ zawgyi 2009 ဖြင့် ရေးသားထားသော စာများ ကောင်းမွန်စွာမပေါ်ပေ။ iPhone Zawgyi ကို saturngod ၏ blog တွင် iPhone/iPod Touch Zawgyi Keyboard and Font Package ဟူသော post အမည်ဖြင့် ရေးသားထားသည်။

Windows Mobiles

Zawgyi SoftKeyboard for Windows Mobile ကို ကိုအာကာမျိုး ပြု့လုပ်ထားခြင်းဖြစ်ပြီး.. WM 5 နောက်ပိုင်း Windows Mobile Phone များတွင်အသုံးပြု့နိုင်ပါသည်။ Sms နှင့် Mobile Office များတွင် အသုံးပြု့နိုင်ပါသည်။ Zawgyi on Pocket Pc
http://arkar.info/download.zip

Android

Android တွင် Myanmar Fonts (Zawgyi နှင့် Myanmar3) ကို အသုံးပြု့၍ရနိုင်ရန် ko Sean Lin မှပြု့လုပ်ခဲ့ပြီး Android အတွက် download လုပ်ရန် Fallback Fonts များနှင့် root လုပ်ပုံ အဆင့်ဆင့်ကို ၄င်း၏ Web site ဖြစ်သော http://seanlin.me/ တွင် ဖော်ပြထားပါသည်။

Support


Font download


Keyboard layout


Online Editor


Zawgyi Input Method

  • Wait Zar - Romaized Myanmar Input System
  • Linux KB - Linux Keyboard
  • Mac KB Mac OS X Keyboard
  • Keymaster Keymaster for zawgyi 2009
  • Burglish - Input System and Various Language Tools for Burmese script
  • Alpha Zawgyi - a bundled solution by the Zawgyi Font publisher
  • KeyMagic - Unicode Keyboard Input Customizer/Input Method Editor

Zawgyi convertor

  • Prince Ka Naung - Unify Converter Engine (LGPL) - WinInnwa, CE Fonts, Wwin_Burmese, Gandamar Fonts, King Fonts, Metrix, Academy, Zawgyi, UniBurma, Myazedi, Myanmar3, PadaukOT, Parabaik, UniMM ဒီဖောင့်တွေ ကိုတစ်ခုမှတစ်ခုသို့ ပြောင်းလဲနိုင်ပါတယ်။
  • Laikpyar Convertor - Online convertor for Zawgyi <> Unicode 5.1
  • On-the-fly convertor (LGPL) - HTML header တွင် fly.js ထဲ့၍ webpage ကို အသုံးပြုသူ၏ browser တွင် Zawgyi <> Unicode 5.1 ပြောင်းလဲပေးသည်။
  • Unicode 5.1 To Zawgyi 2009 GreaseMonkey - Unicode 5.1 မှ ဇော်ဂျီ ၂၀၀၉ ကိုပြောင်းပေးသော firefox addon greasemonkey script ဖြစ်သည်။
  • Unicode 5.1 To Zawgyi GreaseMonkey - Unicode 5.1 မှ ဇော်ဂျီ ကိုပြောင်းပေးသော firefox addon greasemonkey script ဖြစ်သည်။
  • Unicode 5.1 To Zawgyi 2009 Bookmark - မည်သည့် browser တွင်မဆို အသုံးပြုနိုင်သော Unicode 5.1 To Zawgyi 2009 bookmark ဖြစ်သည်။

References

  1. The truth about Zawgyi font
  2. When will Zawgyi be Unicode 5.1 compatible?
  3. Why Zawgyi was awarded 2007 MCPA Excellent Award?
  4. Zawgyi Group
  5. Myazedi-Zawgyi Issues1
  6. 2005 myazedi press release
  7. Award
  8. Zawgyi Font Official Site
  9. Zawgyi Font Official Site
  10. Alpha Zawgyi Myanmar Unicode System
  11. ဇွဲကပင်
  12. tapautabuo

အခြား ကိုးကား

  1. Wiki Myanmar