အားလုံးပဲမင်္ဂလာပါ ထားဝယ်သားလေး blog ကိုလာလည်တဲ့ သူငယ်ချင်းတွေအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်ပေးပါတယ်နော်... .....လာလည်တဲ့ မိတ်ဆွေ သူငယ်ချင်း အားလုံးကိုလဲ ကျေးဇူးတင်ပါတယ်.......... Myanmar Calendar

Sunday, 29 April 2012

ကွန်ပျူတာတွေအတွက် (Making Winamp Player Skin) တဲ့ဗျ ပလေယာ လှလှလေးတွေ ကိုယ့်ကောင်မလေးပုံထည့်ပီး စမ်းကြည့်

     Player skin လေးတွေကို ကိုယ်တိုင်လုပ်ပြီး သုံးရတာက ပျော်ဖို့ကောင်းတယ်ဗျ။ သူများတွေ လုပ်ပြီး ရှယ်နေကြတာတွေတွေ့တော့ ကျနော်လည်း လွယ်လွယ်ကူကူ နည်းရှိရင် ပြောပြဖို့ရှာကြည့်လိုက်ပါတယ်။ သပ်သပ်ယပ်ယပ်နဲ့ အဆင်လည်းပြေရမယ် လွယ်လည်းလွယ်ရမယ်လေ။ အခု ကျနော် လုပ်ထားတာလေးတွေ ကြည့်လိုက်ပါဦး …
Image Hosting by Picoodle.com Image Hosting by Picoodle.com
အဲဒါလေးတွေက လုပ်ရလွယ်သလို သပ်ယပ်တယ်။ နောက်ပြီး ဘာ error မှာ မရှိအောင်ကို အဆင်ပြေပါတယ်။ လေရှည်နေပြီဗျာ ။ ကျနော်နဲ့ အတူ လိုက်လုပ်ကြည့်ကြရအောင်ဗျာ … အောက်က Software လေး တစ်ခုတော့ လိုပါလိမ့်မယ်။

Download Mirror 1 : Zshare (Skinner Tool 2.4)

အဲဒါလေး ဒေါင်းပြီး run လိုက်ပါ။ freeware ပဲဖြစ်လို့ ဘာ ကီးမှလည်း မလိုပါဘူး။ ပြီးရင် All Programs ထဲက Skinner Too ကို နှိပ်ပြီး စလုပ်ပါမယ်။
အောက်ကအတိုင်း ပေါ်လာတဲ့ window မှာ File – Open Image ကို နှိပ်ပြီး ဓါတ်ပုံတစ်ပုံကို ယူပါတယ်။ ပုံအရွယ်အစားက အနည်းဆုံး 275×348 Pixels ရှိရမှာဖြစ်ပါတယ်။ လက်ရှိ တင်ထားတဲ့ Wallpaper ကို လုပ်ချင်တာဆိုရင်လည်း Open Image အောက်က Current Wallpaper ကို နှိပ်ပေးရုံပါပဲ။
Image Hosting by Picoodle.com
မိမိရွေးလိုက်တဲ့ ပုံပေါ်လာပါတယ်။ ပုံနေရာကို Drag ဆွဲပြီး နေရာချိန်ညှိလို့ရပါတယ်။
Image Hosting by Picoodle.com
Target Skin ဆိုတဲ့ နေရာမှာကြည့်လိုက်ပါ။ အဓိက က Classic Skin နဲ့ Modern Skin ဖြစ်ပါတယ်။ တစ်ခုကို ရွေးပေးလိုက်ပါ။ အောက်မှာပြထားတာက Classic Skin ဖြစ်ပါတယ်။ သူက Play List ကိုပါ ပုံနဲ့ယူလိုက်တာဖြစ်ပါတယ်။
Image Hosting by Picoodle.com
ကျနော်အခုလုပ်ပြမှာက Modern Skin နဲ့ လုပ်ပြပါ့မယ်။ Image Setting ဆိုတဲ့နေရာရဲ့ Pattern ဆိုတာကို တစ်ခုလောက်ရွေးကြည့်လိုက်ပါ။ ဒီအတိုင်း အလွတ်ထားတာထက် Pattern ပါးပါးလေးပါတာက ပိုလှပါတယ်။
Image Hosting by Picoodle.com
စကေး နဲ့ အလင်း၊ အမှောင်တွေကို ကျနော်ချိန်ပြထားပါတယ်။ မိမိပုံနဲ့ အဆင်ပြေသလို စမ်းကြည့်လိုက်ပါ။
Image Hosting by Picoodle.com
နောက်တစ်ဆင့် စဖို့အတွက် Make Skin! ကို နှိပ်ပါတယ်။
Image Hosting by Picoodle.com
Skin Template မှာ မိမိကြိုက်တာရွေးကြည့်လိုက်ပါ။ Preview ပေါ်တဲ့အတွက် အသုံးလွယ်ပါတယ်။ စာလုံးအရောင်တွေ ခလုပ်အရောင်တွေကို Skin Setting ရဲ့အောက်မှာပြောင်းပေးနိုင်ပါတယ်။
Image Hosting by Picoodle.com
အခုပြင်နေတာက Skin Setting ဖြစ်ပါတယ်။ နောက်တစ်ခုအနေနဲ့ ခေါင်းစဉ်တပ်ပါ့မယ်။ Skin Setting ဘေးက မျှားလေးကိုနှိပ်လိုက်ပါတယ်။ Drop Down menu လေး ပေါ်လာပါတယ်။ ဒုတိယမြောက် Text Tittle ကိုရွေးပါတယ်။
Image Hosting by Picoodle.com
စာလုံးအရောင် အရွယ်နဲ့ ပုံစံ နေရာတွေကို ပြင်ဆင်နိုင်ပါတယ်။ Edit Tittle ဆိုတာကို နှိပ်ပြီး မိမိပေးချင်တာကိုရေးနိုင်ပါတယ်။
Image Hosting by Picoodle.com
Image Hosting by Picoodle.com
Image Hosting by Picoodle.com
နောက်တစ်ခုက Visualization ပါ။ Drop menu ရဲ့ တတိယမြောက်ပေါ့။ Options ကို နှိပ်ပြီး အရောင်ပြောင်းလို့ရပါတယ်။
Image Hosting by Picoodle.com
နောက်တစ်ခုကတော့ Standard Frame ဆိုတာလေးပါ။ အောက်ဆုံးက Play List ကို အရောင်တွေ ပြောင်းဖို့ဖြစ်ပါတယ်။
Image Hosting by Picoodle.com
အားလုံးကျေနပ်ပြီ ဆိုရင်တော့ Save ကိုနှိပ်ပြီး နာမည်ပေး save လိုက်ရုံပါပဲ။
Image Hosting by Picoodle.com
Save လိုက်တဲ့နေရာမှာ winamp ရဲ့ logo လေးအတိုင်း ပေါ်နေပါတယ်။ Double click နဲ့ run ပေးလိုက်ပါ။
Image Hosting by Picoodle.com
professional တေဆွဲထားတဲ့ skin အတိုင်းပဲ ဖြစ်ပါတယ်။ ဘာ error မှ မရှိပါဘူး။ ထုံးစံအတိုင်း Confirm လုပ်တာပါ။ ok နှိပ်ပေးလိုက်ရင် မိမိဆွဲထားတာပေါ်လာပါတယ်။
Image Hosting by Picoodle.com
Image Hosting by Picoodle.com
Player မှာ Right click လုပ်၊ Skin ကို ထောက်ကြည့်လိုက်ပြီး မိမိလုပ်ထားသမျှ အလွယ်တကူပြောင်းသုံးလို့ရပါတယ်။
Image Hosting by Picoodle.com
တစ်ခါလုပ်ပြီး အဲဒီဖိုင်လေးသိမ်းထား၊ သုံးချင်တဲ့အချိန် run ပေးလိုက်ရုံပါပဲ။ ချစ်သူဆီ ပို့ချင်တဲ့ လူတွေ အမြန်လုပ်ကြတော့ဗျို့ … ။
Winamp Player မရှိသေးရင်တော့ ဒီမှာသာ ဒေါင်းလုပ်သွားလုပ်လိုက်ပါ။

Wednesday, 18 April 2012

Photoshop CS5 စာအုပ် နှင့် အခြားသော Photoshop စာအုပ်ပေါင်းများစွာ (မြန်မာလို) ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://lovemusicbirds.ning.com/profiles/blog/show?id=6480001%3ABlogPost%3A30896&xgs=1&xg_source=msg_share_post#ixzz1sSXCZwC7

Photoshop CS5 ကို အလွယ်ကူဆုံးနဲ့ အရှင်းဆုံးဖြစ်အောင် တင်ပြထားတဲ့ စာအုပ်လေးပါ ..။မြန်မာနည်းပညာ လူငယ်များအတွက်  စေတနာရှင် ကို ရဲရှင်း ကရေးထားတာပါ..။
 အားလုံးလေ့လာ လို့ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။

Download CS5 Myanmar Ebook

အောက်က စာအုပ်တွေကိုတော့ မှော်ဝင်မြို့ကနေ တဆင့် စုတစည်းထဲ ဖြစ်အောင် စုစည်းပေးလိုက်ပါတယ်...။ Photoshop ကိုလေ့လာနေတဲ့ သူငယ်ချင်းများ အားလုံး ပျော်ရွှင်ကြပါစေဗျားးးးး။
 
Adobe Photo Shop 7.0
 တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
Adobe Photo Shop 7.0 Keyboard Shortcuts
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
Adobe Photo Shop cs Keyboard Shortcuts
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
Adobe Photo Shop cs2 Keyboard Shortcuts
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
Adobe Photo Shop cs3 Keyboard Shortcuts
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်

Adobe Photo Shop cs4 မျိုးဆက်ရေးသားထားပါသည်
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
Adobe Photo Shop cs4 Keyboard Shortcuts
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
Adobe Photo Shop cs4 Keyboard Shortcuts Mac Os အတွက်ပါ
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်

မြန်မာမိသားစုဖိုရမ်မှ တင်ဆက်ထားသော photoshop မှတ်စုများ ၁
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
ပုံရိပ်များရဲ့ဖွဲ့စည်းပုံသဘာဝ
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်

မျိုးဆက်ရေးသားထားသော Photoshop CS Tools များ၏လှို့ဝှက်ချက်
Adobe Photoshop CS,CS2,CS3,CS4,CS5 အားလုံးအတွက်ပါ
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်

ဝင်းကမ္ဘာကျော်(နည်းပညာမှတ်တမ်း)

The Lady.mp4

Thursday, 5 April 2012

Windows 7 ကိုကိုယ်တိုင်တင်ကြရအောင်



ကျွန်တော်ဒီတစ်ရက်နှစ်ရက်ကို စားရေးတဲ့ဘက်ကို ပြန်လှည့်လိုက်ပါအုံးမယ်..တောင်းထားတာမေးထားလေး
တွေကို ချက်ချင်း Reply မလုပ်နိုင်သေးဘူးဆိုရင်လဲနားလည်ပေးပါအုံးလို့ပဲ အရင်ဆုံးတောင်းဆိုပါရစေခင်ဗျာ.
ကျွန်တော်တို့ ကွန်ပျူတာကို အသုံးပြုသူတိုင်း သိထားတက်ထား သင့်တာတစ်ခုရှိပါတယ်..အဲ့ဒါဘာလဲဆိုတော့
မိမိရဲ့ ကွန်ပျူတာကို မိမိကိုယ်တိုင် Windows တင်တက်ဖို့ဆိုတာဟာ ကွန်ပျူတာတစ်လုံးကို လက်ဝယ်မှာကိုင်
ပြီးတော့သုံးနေတဲ့ သူတိုင်းအတွက်လိုအပ်တာ အမှန်ပါပဲ..ဒါကကျွန်တော်က ယေဘူယျအားဖြင့် ပြောပြတာပါ
ကွန်ပျူတာ ကိုကိုင်တွယ်အသုံး ပြုနေရတဲ့သူတိုင်း အတွက် Windows တင်တာလောက်ကိုတော့သိထားသင့်
တာအမှန်ပါပဲ..ဒီနေရာမှာ ကျွန်တော်တစ်ခု ကြိုပြီးတော့ပြောချင်တာက ဘယ်ကိစ္စကိုမဆို မလုပ်ခင်ထဲကအဆိုး
ဘက်ကိုကြို ပြီးတော့တွေးမထားစေချင်ပါဘူး..သူတောင်လုပ်လို့ အဆင်ပြေရင်ကိုယ်လဲ လုပ်လို့အဆင်ပြေရမှာ
ပဲဆိုတဲ့အသိလေးတော့ လူတိုင်းရှိစေချင်ပါတယ်..ကျွန်တော်အခု Windows တစ်တစ်ခုကို မိမိတို့ကိုယ်တိုင်အ
လွယ်တကူ တင်တက်သွားအောင် အပိုင်း ( ၃ ) ပိုင်းနဲ့ရှင်းပြပေးသွားပါမယ်..ကျွန်တော်အခုပို့စ်လေးမှာတော့
Windows 7 တင်နည်းကိုအခြေခံပြီးရေးပေးသွားပါမယ်..ကျွန်တော်

၁.Windows မတင်ခင်ဘာတွေလုပ်သင့်လဲ ?
၂.Windows တစ်ခုကိုဘယ်လို Install လုပ်မလဲ ?
၃.Windows တင်ပြီးရင်ဘာတွေလုပ်သင့်လဲ ? ဆိုပြီးအပိုင်းသုံးပိုင်းခွဲပြီးရေးပေးသွားပါမယ်..




ကျွန်တော်တို့ Windows တစ်ခုမတင်ခင်အရင်ဆုံး ဘာတွေလုပ်သင့်လဲဆိုတာကို ကျွန်တော်အခုပြောတဲ့နည်း
အတိုင်း လိုက်လုပ်ပါလို့ မဆိုလိုပါဘူး ..မိမိတို့စိတ်ကြိုက် လုပ်နိုင်ပါတယ်.ကျွန်တော်က အဆင်ပြေမယ်ထင်တဲ့
နည်းလမ်းလေးတွေကို ပြန်ပြီးတော့ မျှဝေပေးခြင်းသာဖြစ်ပါတယ်..Windows တစ်ခုတင်တော့မယ်ဆိုရင်အရင်
ဆုံးသိထားသင့်တာက မိမိတို့မှာ Windows CD ခွေတစ်ခွေမဖြစ်မနေလိုအပ်ပါတယ်..Windows ခွေမရှိသေးတဲ့
သူတွေကတော့ အောက်ကလင့်မှာ ကိုနေမင်းမောင် တင်ပေးထားတဲ့ Windows 7 Selections များမှာသွားပြီး
ဒေါင်းလော့ချလိုက်ပါ..မိမိတို့စိတ်ကြိုက် Windows အမျိုးအစားကိုရွေးချယ်ပြီးတော့ဒေါင်းလော့ချသွားလိုက်ပါ




Windows ISO ခွေကိုဒေါင်းလော့ချ ပြီးပြီဆိုရင်တော့ မိမိတို့ ဒေါင်းလော့ချထားတဲ့ ISO ဖိုင်ကို Ultra ISO ကိုအ
သုံးပြုပြီး CD / DVD နဲ့ဘယ်လိုပြန်ပြီးတော့ Burn ရမယ်ဆိုတာကိုတော့အောက်ကလင့်မှာ ရှင်းပြပေးထားတာ
ရှိပါတယ်..

ဒီလင့်ကနေသွားကြည့်လိုက်ပါ

နောက်တစ်ချက်က Windows အသစ်တင်လိုက်ပြီဆိုတာနဲ့ မိမိတို့ရဲ့ Destop ပေါ်မှာရှိတဲ့ ဖိုင်တွေ ၊ ပုံတွေ
Shortcut တွေ ၊ပြီးရင် Libraries ထဲမှာရှိတဲ့ Documents ထဲက Google Talk Received Files ထဲမှာရှိတဲ့
တဲ့ဖိုင်တွေ ၊ ပြီးရင် Favorites ရဲ့ Download ထဲမှာရှိတဲ့ မိမိတို့ဒေါင်းလော့ချထားပြီးသီးသန့်သိမ်းမထားတဲ့ဖိုင်
တွေ ၊ ပုံတွေ ၊ Movie တွေ အကုန်လုံး Windows အသစ်တင်လိုက်ပြီဆိုတာနဲ့ အကုန်လုံးပျောက်သွားမှာဖြစ်ပါ
တယ်..မိမိတို့အနေနဲ့ Windows တစ်ခုတင်တော့မယ်ဆိုရင် မိမိတို့အသုံးလိုတဲ့ ဖိုင်တွေသိမ်းပြီးမပြီး စစ်ပေးဖို့လို
ပါလိမ့်မယ်..






နောက်တစ်ချက်ကတော့ Windows တစ်ခုမတင်ခင် အရင်ဆုံးမိမိတို့ ရဲ့ကွန်ပျူတာမှာဝင်ဒိုးတင်ပြီးရင်တင်ဖို့
လိုမဲ့ Application Software တွေကို တစ်စုတစ်စည်းထဲသိမ်းဆည်း ထားဖို့လိုပါလိမ့်မယ်..Windows တင်ပြီးမှ
လိုအပ်တဲ့ ဆော့ဝဲလ်တွေလိုက်ရှာနေတာထက် အရင်ဆုံး လိုအပ်တာတွေကိုစုပြီး တစ်စုတစ်စည်းထည်းသိမ်းပြီး
ထားတာကပိုပြီး အဆင်ပြေပါလိမ့်မယ်..ကျွန်တော်အခုအောက်မှာ Windows တင်ပြီးရင် အဓိကလိုအပ်မဲ့ဆော့
ဝဲလ်တွေကိုတင်ပေးထားပါတယ်…မိမိတို့ရဲ့ကွန်ပျူတာမှာ မရှိသေးဘူးဆိုရင်အရင်ဆုံး ဒေါင်းလော့ချပြီး ဖိုဒါတစ်
ခုနဲ့သိမ်းထားလိုက်ပါ ဒါဆိုရင် Windows တင်ပြီးတဲ့အခါ အလွယ်တကူရှာဖွေ ပြီးအသုံးပြုနိုင်မှာဖြစ်ပါတယ်..
အချိန်ကုန်မြန်တာပေါ့ဗျာ..


Zawgyi-One and Unicode Font

Zawgyi-One and Unicode Font ကိုဒီအောက်ကလင့်မှာ Install လုပ်နည်းနဲ့ပါတင်ပေးထားပါတယ်..

ဒီလင့်ကနေသွားလိုက်ပါ..



Adoble Reader




ဒီကောင်ကတော့ ကျွန်တော်တို့ PDF File နဲ့ရေးထားတဲ့ E-Book တွေကိုအလွယ်တကူဖတ်ရှုနိုင်ဖို့အသုံး
ပြုပါတယ်..

Download Adoble Reader


Adoble Flash Player




ဒီကောင်ကတော့ ကျွန်တော်တို့ U-Tube မှာတင်ထားတဲ့ Video File တွေ Flash File တွေကိုအလွယ်တကူ
ကြည့်နိုင်ဖို့အတွက်လိုအပ်ပါတယ်..


Download Adoble Flash Player


Adobe AIR 2.7.1




Download Adoble Air

Adoble Shockwave Player




Download Adoble Shockwave Player

Players


Video File တွေ Mp 3 ဖိုင်တွေကိုဖွင့်ဖို့အတွက်လိုအပ်တဲ့ Player တွေကိုတော့အောက်မှာတင်ပေးထားပါ
တယ်..မိမိတို့လိုအပ်တာကို ရွေးပြီးတော့ဒေါင်းလော့ချသွားလိုက်ပါ..


JetAudio Download


Gom Player and Skin Download

VLC Media Player Download

windows media player Download

RealPlayer Portable Download

WinRAR
ကျွန်တော် လိုအပ်တဲ့ဆော့ဝဲတွေပဲဖြစ်ဖြစ် စာအုပ်တွေကိုပဲဖြစ်ဖြစ် Internet ပေါ်ကနေဒေါင်းလော့ချတဲ့အခါ
အများစုကို WinRAR သုံးပြီးတော့ချုပ်ထားတာများပါတယ်..ဒါကြောင် winrar ဖိုင်တွေကိုအလွယ်တူဖြည်နိုင်
ဖို့အတွက် Winrar မိမိတို့ရဲ့စက်မှာရှိထားသင့်ပါတယ်..

WinRAR Download


Browser

ကျွန်တော်တို့မိမိတို့ ကြည့်ချင်တဲ့ Website တွေကိုအလွယ်တကူကြည့်နိုင်ဖို့အတွက် Browser တွေကို
အသုံးပြုပါတယ်..


Firefox Download

Chrome Download


Chat

အင်တာနက်ပေါ်မှာ မိတ်ဆွေသူငယ်ချင်းများ မိသားစုများ တစ်ဦးနှင့်တစ်ဦး နေရာဒေသဝေးကွာနေသော်
လည်းအလွယ်တကူ ဆုံးတွေနိုင်ဖို့အတွက် G-talk , Vzo ,Skype တို့ကိုအသုံးပြုကြပါတယ်..ကျွန်တော်လိုအပ်
တဲ့သူတွေအတွက်အောက်မှာစုပြီးတင်ပေးထားပါတယ်..


G-talk Download

vzoChat Download


Skype Download

နောက်တစ်ခုကတော့ Firefox အသုံးပြုတဲ့သူတွေအတွက် Firefox Bookmark မှာမိမိတို့ မှတ်သားထားတဲ့
လင့်တွေပျောက်မသွားအောင် ဘယ်လို Backup လုပ်ရမယ်ဆိုတာကိုတော့ အောက်ကလင့်ကျွန်တော်ရှင်းပြ
ပေးထားတာရှိပါတယ်..

ဒီလင့်ကနေသွားပြီးကြည့်လိုက်ပါ..

နောက်တစ်ချက်ကတော့ Windows တင်မဲ့ Partation ကိုအရင်ဆုံး မှတ်ထားပေးဖို့လိုပါလိမ့်မယ်..ဘာလို့လဲ
ဆိုတော့ ကျွန်တော်ကြုံ ဖူးလို့ပါ။ Windows တင်လာလိုက်တာ မိမိတို့ Windows တင်မဲ့ Partation ကို Format
ရိုက်ခါနီးကျမှဘယ် Partation ကို Format ချရမှန်းမသိလို့အစကနေပြန်ပြီးတော့ တင်ရတာမျိုးရှိလို့ပါ.ဒါကြောင့်
Windows မတင်ခင် မိမိတို့ Format ရိုက်မဲ့ Partation ရဲ့ Disc Space ကိုမှတ်ထားလိုက်ပါ..ဒါဆိုရင် Format
ချတော့မယ် ဆိုရင်မိမိတို့ Format ချချင်တဲ့ Partation ကိုအလွယ်တကူရွေးချယ်ပေးနိုင်မှာဖြစ်ပါတယ်..




Windows တစ်ခုကိုဘယ်လို Install လုပ်မလဲ ?

အပေါ်ကအတိုင်းပြင်ဆင်ပြီးပြီ ဆိုရင်တော့ Windows 7 ကိုအလွယ်တကူတင်တက်သွားအောင် Windows

တင်နည်းအဆင့်ဆင့်ကို အောက်မှာပုံလေးတွေနဲ့ ဆက်ပြီးရှင်းပြပေးထားပါတယ်..


Windows XP နဲ့ Windows Vista တင်နည်းစာအုပ်တွေကိုလဲအောက်ကလင့်တွေမှာတင်ပေးထားတာရှိ

ပါတယ်..လိုအပ်တဲ့သူတွေကတော့အောက်ကလင့်တွေမှာသွားပြီးဒေါင်းလော့ချလိုက်ပါ..




ကျွန်တော် Bios ထဲက Advanced Bios Setting ကိုသွားပြီး Boot Setting ကိုကြေငြာပေးဖို့လိုပါတယ်.


First boot device = CD ROM

Second boot device=Hard Disk
Third boot device=Disable


ဆိုပြီးကြေငြာပေးထားဖို့လိုအပ်ပါတယ်..ဒါမှသာ Computer စဖွင့်ဖွင့်ခြင်း Post လုပ်ငန်းစဉ်ပြီးလို့ Bios ကိုစစ်

တဲ့အခါမှာ First Boot က CD ROM လို့ကြေငြာပေးထားတဲ့ အတွက် CD ROM ကအလုပ်လုပ်ပါလိမ့်မယ်..

အခုလိုမကြေငြာပေးဘူးဆိုရင် CD ROM က Windows ခွေကိုမဖတ်ပဲ အရင် Windows ပြန်တက်လာပါလိမ့်

မယ်..Boot Setting ကိုဘယ်လိုကြေငြာပေးရမလဲ ဆိုတာကိုတော့ကျွန်တော်အောက်မှာရှင်းပြပေးထားပါ

တယ်..


အရင်ဆုံး မိမိတို့ကွန်ပျူတာကို Restart ချလိုက်ပါ..Windows ပြန်တက်မလာခင် Key Board မှ Delete Key

ဆက်တိုက်နှိပ်ထားလိုက်ပါ..ဒါဆိုရင်ကျွန်တော်တို့ BIOS ထဲကိုရောက်သွားပါလိမ့်မယ်..အောက်မှာပုံနဲ့

တော့ပြပေးထားပါတယ်..Mother Board တစ်ခုနဲ့တစ်ခု တူမှာမဟုတ်တဲ့ Bios Setting ပုံစံချင်းလဲတူမှာမဟုတ်

ပါဘူး..အောက်ကပုံမှာပြထားတာနဲ့မတူရင်တောင် ပြောထားတဲ့အဆင်အတိုင်းသွားပြီးလုပ်ကြည့်လိုက်ပါ..


BIOS Setting ထဲကိုရောက်ပြီဆိုရင် အရင်ဆုံး Advanced Bios Setting ကိုဝင်လိုက်ပါ..ပြီးရင်အပေါ်မှာပြော

ခဲ့သလိုပဲ


First boot device = CD ROM

Second boot device=Hard Disk


Third boot device=Disable ကိုပြောင်းပေးလိုက်ပါ..ပြီးရင် Key Board မှ F10 ကိုနှိပ်ပြီး


Save လိုက်ပါ.. ပြီးရင်ကွန်ပျူတာကို Restart ချပေးလိုက်ပါ..







ကျွန်တော်တို့ Windows 7 ကိုစပြီး Install လုပ်ပါတော့မယ်..အရင်ဆုံး Windows ခွေကိုထည့်လိုက်ပါ..ပြီးရင်
မိမိတို့ကွန်ပျူတာကို Restart ချပေးလိုက်ပါ..ပြီးရင်ဆက်လုပ်ရမဲ့အဆင့်တွေကိုတော့အောက်မှာပုံလေးတွေ
နဲ့ဆက်ရှင်းပြပေးထားပါတယ်..

( ၁ ) အောက်ကပုံအတိုင်း ပေါ်လာပြီဆိုရင် Keyboard မှာကီးတစ်ခုခုကိုနှိပ်လိုက်ပါ..



( ၂ )



( ၃ )



( ၄ ) အောက်ကပုံအတိုင်းပေါ်လာပြီဆိုရင် မိမိတို့စိတ်ကြိုက် Language ကိုရွေးပေးလို့ရပါတယ်..English ပဲ
ရွေးမယ်ဆိုရင် Next ကိုဆက်ပြီးပေးလိုက်ယုံပါပဲ..



( ၅ )



( ၆ )



( ၇ ) အောက်ကပုံအတိုင်းပေါ်လာပြီဆိုရင် I accept the licnense terms ကို အမှန်ခြစ်ပေးပြီး Next ကိုဆက်ပြီး
သွားလိုက်ပါ..



( ၈ ) အောက်ကပုံမှာ Upgrade နဲ့ Custom ဆိုပြီးရွေးခိုင်းထားတာရှိပါတယ်..Upgrade ဆိုတာကတော့ကျွန်
တော်တို့ အနေနဲ့ အနိမ့်ကနေ အမြင့်ကိုပြောင်းပြီးလုပ်မယ့်သဘောကိုရွေးခိုင်းတာပါ.ဥပမာ - မိမိတို့
လက်ရှိသုံးနေတဲ့ Windows Vista ကနေ Windows 7 ကိုပြောင်းပြီးတော့ သုံချင်တယ်ဆိုရင်ရွေးပေးဖို့
လိုပါတယ်..ကျွန်တော်တို့က Windows အသစ်တင်မှာဖြစ်တဲ့အတွက် Custom ကိုရွေးပေးလိုက်ပါ..



( ၉ ) အောက်ကပုံမှာ ပြထားတဲ့အဆင့်ကိုရောက်ရင်တော့နည်းနည်းသတိထားစေချင်ပါတယ်..တကယ်
လို့ ကျွန်တော်တို့က Partation ကိုမှားပြီး Format ရိုက်ပြီး Windows တင်မိပြီဆိုရင် Format ရိုက်လိုက်
တဲ့ Partation ထဲမှာရှိတဲ့ Data တွေအားလုံးဆုံးရှုံးမှာဖြစ်ပြီး အရင်တင်ထားတဲ့ Windows ကလဲတစ်ခြား
Partation တစ်ခုမှာရှိနေမှာဖြစ်တဲ့အတွက် Windows နှစ်ခုတင်မိသွားပါလိမ့်မယ်..ဒါကြောင့်ကျွန်တော်
ကအပေါ်မှာထဲက မိမိတို့ Format ချမဲ့ Disc Space ကိုမှတ်ထားခိုင်းတာဖြစ်ပါတယ်..



( ၁၀ ) အောက်ကပုံအတိုင်း မိမိတို့ Windows Setup ဖိုင်ကိုထားမဲ့ Partation ကိုရွေးလိုက်ပါ။
ဥပမာ - ကျွန်တော်တို့က Partation 2 ကို Format ချမယ်ဆိုရင် Partation 2 ကိုရွေးလိုက်ပါ..ပြီးရင်ပုံ
မှာပြထားတဲ့အတိုင်း Drive options ( advanced ) ကိုကလစ်ပေးလိုက်ပါ..။



( ၁၁ ) ပြီးရင်အောက်ကပုံအတိုင်း Format ကိုကလစ်ပြီး Format ရိုက်ပေးလိုက်ပါ..ပြီးရင် Next ပေးလိုက်ပါ..




( ၁၂ ) အောက်ပုံအတိုင်း ဖိုင်တွေကိုဖျက်မှာလားလို့မေးပါလိမ့်မယ်.. OK ပေးလိုက်ပါ..ပြီးရင်အောက်မှာပြ
ထားတဲ့ ပုံတွေအတိုင်းပဲ ဆက်လုပ်သွားပါလိမ့်မယ်..



( ၁၃ )



( ၁၄ ) အောက်ကပုံအတိုင်း ၆ စက္ကန့်စောင့်ပြီးတာနဲ့ Restart ကျသွားပါလိမ့်မယ်..ပြီးရင် Windows တက်လာ
ပါလိမ့်မယ်..



( ၁၅ )



( ၁၆ )



( ၁၇ )



( ၁၈ ) အောက်ကပုံအတိုင်းပေါ်လာပြီဆိုရင်တော့ Type a user name နေရမှာမိမိတို့ ကွန်ပျူတာရဲ့အမည်
ကို မိမိတို့ထားချင်တဲ့နာမည်ကိုရိုက်ထည့်ပေးလိုက်ပါ..ပြီးရင် Next ကိုသွားလိုက်ပါ..



( ၁၉ ) အောက်ကအဆင့်ကိုရောက် ပြီဆိုရင်တော့ ကျွန်တော်တို့က Password ပေးခဲ့လိုက်ရင်တကယ်လို့
မိမိတို့ ကကွန်ပျူတာကို Restart ချပြီးလို့ပြန်ဝင်တဲ့အခါမှာ Administrator Password အဖြစ်အခုပေး
ထားတဲ့ Password ကိုပြန်ရိုက်ထည့်ပေးဖို့လိုပါလိမ့်မယ်..Password မပေးခဲ့ပဲ Next ပေးလိုက်ရင်လဲ
ရပါတယ်..နောက်မှ Control Panel >> User account ans family safety ထဲက User Account မှာသွား
ပြီးပေးရင်လဲရပါတယ်..



( ၂၀ ) Product Key နေရာမှာတော့ ကျွန်တော်တို့က ပြန်ဘမ်းထားတဲ့အခွေကိုသုံးမှာဖြစ်တဲ့အတွက်အကုန်
လုံးပြီးတော့မှ Windows Active ဖြစ်ဖို့အတွက် Windows Loader တစ်ခုခုသုံးလိုက်ရင်အဆင်ပြေသွား
ပါလိမ့်မယ်..Genuine Windows 7 DVD ၀ယ်သုံးတဲ့သူတွေကတော့ Genuine Windows 7 DVD မှာပါ
လာတဲ့ Product Key ကိုထည့်ပေးလိုက်ပါ.. Product Key မရှိတဲ့သူတွေကလဲ Automatically activate
Windows when I'm online ကို အမှန်ခြစ်ပေးပြီး Next ကိုပေးလိုက်ပါ..



( ၂၁ ) အင်တာနက်နဲ့သုံးတဲ့ သူတွေအတွက်တော့ မိမိတို့ရဲ့ Windows ကိုအမြဲတမ်း Update လုပ်ပေးနိုင်ရင်
ပိုပြီးတော့ကောင်းပါတယ်.. Use recommended setting ကိုရွေးပြီးသုံးရင်တော့ ပိုပြီးကောင်းပါတယ်..
အင်တာနက်မရတဲ့သူတွေကတော့ Ask me later ကိုသာရွေးလိုက်ပါ..



( ၂၂ ) မိမိတို့လက်ရှိ ရောက်ရှိနေတဲ့နေရာရဲ့အချိန်ကိုရွေးလိုက်ရင်တော့ ပိုပြီးတော့ကောင်းပါတယ်..ဒီမှာ
ရွေးပေးခဲ့တဲ့ အချိန်ကကျွန်တော်တို့ကွန်ပျူတာ မှာပြပေးနေမှာဖြစ်ပါတယ်..



( ၂၃ ) ဒီအဆင့်မှာတော့ မိမိတို့အသုံးပြုမဲ့ Network ကိုရွေးပေးလိုက်ပါ..မိမိတို့လက်ရှိသုံးနေတဲ့ Network အ
မျိုးအစားကိုလိုက်ပြီး ရွေးပေးလိုက်ယုံပါပဲ..အင်တာနက်မရှိတဲ့ ကွန်ပျူတာတွေကတော့ Network
တစ်ခုခုကိုရွေးပေးလိုက်ပါ..



( ၂၄ )



( ၂၅ )



( ၂၆ ) ဒါဆိုရင်တော့ Windows 7 Installation လုပ်ခြင်းပြီးဆုံးသွားပြီဖြစ်ပါတယ်..




Windows တင်ပြီးရင်ဘာတွေလုပ်သင့်လဲ ?


Windows တင်ပြီးရင်အရင်ဆုံး လုပ်ရမှာကတော့ မိမိတို့ Windows က Active ဖြစ်မဖြစ်ကိုကြည့်ဖို့လိုပါလိမ့်
မယ်..တကယ်လို့ မိမိတို့ Windows က Active မဖြစ်သေဘူးဆိုရင် Windows Loder တစ်ခုခုသုံးပြီး Active
လုပ်လိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်..

အရင်ဆုံး Windows Active ဖြစ်မဖြစ်ကို သိချင်တယ်ဆိုရင်အောက်မှာဖော်ပြထားတဲ့နည်းလမ်းလေးအတိုင်း
သွားပြီးကြည့်လိုက်ပါ..အရင်ဆုံး My Computer မှာ Right Click ထောက်လိုက်ပါ..ပြီးရင် Properties ကိုသွား
လိုက်ပါ..ပြီးရင် Windows activation မှာကြည့်လိုက်ပါ..You must active today.Active windows now လို့ ပြနေ
ရင် Windows ကို Active လုပ်ပေးဖို့လိုပါလိမ့်မယ်..ကျွန်တော်အောက်မှာ Windows Active လုပ်ဖို့အတွက်
Windows Loader တွေတင်ပေးထားပါတယ်..မိမိတို့တင်ထားတဲ့ Windows က Active ဖြစ်ပြီးသားဆိုရင်တော့
Active လုပ်ပေးစရာမလိုပါဘူး..


အောက်ကပုံအတိုင်းပြနေပြီဆိုရင်တော့ Windows ကို Active လုပ်ပေးဖို့လိုပါလိမ့်မယ်..

အောက်ကပုံကတော့ Windows Active ဖြစ်နေတာကိုပြနေတာပါ



Windows Loader ကိုတော့အောက်ကလင့်မှာတင်ပေးထားပါတယ်..


ဒီလင့်လေးကနေသွားပြီးဒေါင်းလော့ချလိုက်ပါ..


Windows Backup လုပ်ခြင်း

ကျွန်တော်တို့ Windows ကို Active လုပ်ပေးပြီးသွားလို့ လိုအပ်တဲ့ Application တွေကိုတင်ပြီးပြီဆိုရင်တော့
နောက်ထပ်လုပ်ထားသင့်တာတစ်ခုကတော့ Windows Back Up ပဲဖြစ်ပါတယ်..ကျွန်တော်တို့အသုံးပြုနေ
တဲ့ Windows ဟာဘယ်အချိန်မှာဘာဖြစ်မယ်ဆိုတာ မသိနိုင်ပါဘူး..ကျွန်တော်တို့အနေနဲ့လက်ရှိအသုံးပြု
နေတဲ့ Windows ကို Backup လုပ်ထားခြင်းအားဖြင့် တစ်ချိန်ချိန်မှာ ကျွန်တော်တို့အသုံးပြုနေတဲ့ Windows
ဟာတစ်စုံတစ်ခု ဖြစ်လာပြီဆိုတာနဲ့အလွယ်တကူ Backup File ကို Restore ပြန်လုပ်ပေးလိုက်ယုံနဲ့ Error
တွေကို အလွယ်တကူဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်..

Windows ကိုဘယ်လို Backup လုပ်ရမယ်ဆိုတာကိုတော့ကျွန်တော်အောက်ကလင့်လေးမှာ ရှင်းပြပေးထား

ပါတယ်..



Sound Problem


ဒါကတော့ Windows တင်ပြီးပြီဆိုရင်တော့ တော်တော်များများကြုံရတက်တဲ့ ပြသနာပါ..Windows တင်ပြီး

ရင် အသံမလာဘူးမလာဘူးဆိုပြီး ကြုံကြုံနေရတာတွေပါ.. ကျွန်တော် Windows 7 မှာအသံမလာဘူးဆိုရင်

ဆိုပြီးပို့စ်တစ်ခု တင်ပေးခဲ့ဘူးပါတယ်..အခက်အခဲရှိသူများအောက်ကလင့်ကနေသွားကြည့်လိုက်ပါ..



Windows 7 အသုံးပြုနည်း
ဒါကတော့ Bonus ပါ .. Windows 7 တင်ပြီးလို့ မသုံးတက်သေးဖူးဆိုရင်အောက်ကလင့်မှာ ဆရာအောင်လင်း

ရေးထားတဲ့ Windows 7 အသုံးပြုနည်းစာအုပ်လေးပါအောက်မှာတင်ပေးထားပါတယ်..

ကျွန်တော်တို့ဒီလောက် ဆိုရင်တော့ Windows တစ်ခုကို မိမိတို့ကိုယ်တိုင်တင်ဖို့အတွက် အဆင်ပြေသွား

လောက်ပြီလို့ ထင်ပါတယ်..ကိုယ်တိုင်ကြိုးစားကြည့်ကြပါ..အခုအချိန်မှာ Windows တစ်ခုတင်ရင်အနည်း

ဆုံး ၅၀၀၀ ၊ ၁၀၀၀၀ လောက်ပေးနေရတဲ့အချိန်မှာ မိမိက Windows တင်တက်သွားမယ်ဆိုရင် မိမိတို့

သာမဟုတ်ပဲ မိမိတိုပါတ်ဝန်းကျင်မှာ ရှိတဲ့ သူငယ်ချင်းတွေပါ ၅၀၀၀ ၊ ၁၀၀၀၀ လောက်တော့သက်သာ

သွားလိမ့်မယ်လို့ထင်ပါတယ်..


ဒီပို့စ် ကို PDF နဲ့လိုချင်တယ်ဆိုရင်အောက်မှာဒေါင်းလော့ချသွားလိုက်ပါ..

Download From zSHARE

Download From Mediafire

Download From Megaupload
အားလုံးပဲအဆင်ပြေကြပါစေ....ကျေးဇူးတင်ပါတယ်ခင်ဗျာ..