အားလုံးပဲမင်္ဂလာပါ ထားဝယ်သားလေး blog ကိုလာလည်တဲ့ သူငယ်ချင်းတွေအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်ပေးပါတယ်နော်... .....လာလည်တဲ့ မိတ်ဆွေ သူငယ်ချင်း အားလုံးကိုလဲ ကျေးဇူးတင်ပါတယ်.......... Myanmar Calendar

Sunday, 25 March 2012

Samsung Glaxy Ace တွင် Root လုပ်စရာမလိုပဲ မြန်မာဖောင့် ထည့်နည်း

Samsung Glaxy Ace တွင် Root လုပ်စရာမလိုပဲ မြန်မာဖောင့် ထည့်နည်းလေးပါ

ညီငယ်တွေတောင်းဆိုထားလို့  ရှာကြံပီးထပ်တင်ပေးလိုက်ပါတယ်....
ကျွန်တော် အခု Samsung Glaxy Ace မှာ Root လုပ်စရာ မလိုပဲ မြန်မာဖောင့် ထည့်တဲ့ နည်းလမ်းလေးကို ပြန်ပြီးတော့ ရှယ်ပေးသွားပါမယ် .. Myanmar Mobile Application Store မှာတော့ ပိုပြီးတော့ စုံပါတယ် .. ကျွန်တော် အဆင်ပြေတဲ့ နည်းလမ်းလေးကို ပြန်ပြီးတော့ တစ်ခြား အဆင်မပြေ သေးတဲ့ သူတွေ ရှိရင်လည်း အဆင်ပြေအောင် ပြန်ရေးပေးသွားပါမယ် .. အမှန်တကယ် လုပ်ကြည့်လိုက်ရင်တော့ အဆင့်တွေက အရမ်းမများပါဘူး .. ကျွန်တော် မသိသေးတဲ့ သူတွေ အခက်အခဲ ရှိမှာ စိုးလို့ တစ်ဆင့်ချင်း ရှင်းပြပေး ထားတဲ့ အတွက် .. ပုံတွေ အရမ်း များနေလို့ပါ .. တစ်ဆင့်ချင်းပဲ လိုက်လုပ် ကြည့်လိုက်ပါ .. အဆင်ပြေသွား ပါလိမ့်မယ် ..

ကျွန်တော်တို့ မြန်မာဖောင့် သွင်းဖို့အတွက် အရင်ဆုံး အောက်မှာ တင်ပေးထားတဲ့ Myanmar Font ဆိုတဲ့ Folder လေးကို ဒေါင်းလော့ ချလိုက်ပါ .. Zawgyi_One.apk , Fontomizer_0.8.apk နဲ့ FrozenKeyboard_1.1.3.apk ဆိုပြီး Android Application သုံးခု တွေ့ရပါလိမ့်မယ် .. အဲ့ဒီကောင်လေးကို မိမိတို့ ဖုန်းရဲ့ SD CARD ထဲကို ထည့်လိုက်ပါ .. ပြီးသွားရင်တော့ ပထမဆုံး မြန်မာဖောင့်သွင်းဖို့အတွက် အပေါ်မှာ ဖော်ပြထားတဲ့ Application လေးတွေကို မိမိတို့ဖုန်းရဲ့ Android OS ထဲမှာ Install လုပ်လို့ ရဖို့အတွက် unknow sources ကိုသွားရွေးပေးထားဖို့လိုပါလိမ့်မယ် .. ဒါမှသာ Android Market ထဲက မဟုတ်တဲ့ Application တွေကို မိမိတို့ Android OS ထဲမှာ Install လုပ်လို့ရမှာ ဖြစ်ပါတယ် .. အောက်က ပုံမှာ ပြထားသလို အဆင့်ဆင့် သွားပြီး လုပ်ပေးလိုက်ပါ ..
အရင်ဆုံး Setting ကိုသွားပါ .. 

အောက်ကပုံမှာ ပြထားတဲ့အတိုင်း Unknow sources ကို အမှန်ခြစ်လေး ပေးလိုက်ပါ .. ဒါဆိုရင် မိမိတို့ Android OS ထဲမှာ Android Market ကမဟုတ်တဲ့ Application တွေကို Install လုပ်လို့ ရသွားပါလိမ့်မယ်..


အပေါ်က အဆင့်အတိုင်း ပြောင်းပြီး သွားပြီး ဆိုရင်တော့ Myanmar Font နဲ့ Keyboard ကို Install လုပ်ဖို့ အတွက် အောက်မှာ ပြထားတဲ့ အတိုင်း အဆင့်ဆင့် သွားလိုက်ပါ .. ပထမဆုံး My file ကိုသွားလိုက်ပါ ..


ပြီးရင် စောစောက SD Card ထဲကို ထည့်လိုက်တဲ့ Myanmar fonts ဆိုတဲ့ Folder လေးကို ဖွင့်လိုက်ပါ ..


အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Application သုံးခု တွေ့ပါလိမ့်မယ် .. သုံးခုလုံးကို Install လုပ်လိုက်ပါ .. 


ကျွန်တော် Zawgyi-One.apk ဆိုတဲ့ ကောင်လေးကို နမူနာ Install လုပ်ပြထားပါတယ် ..



အပေါ်က အဆင့်အတိုင်း Application သုံးခုလုံးကို Install လုပ်ပြီးသွားပြီ ဆိုရင်တော့ မြန်မာဖောင့် ရေးလို့ရဖို့နဲ့ ဖတ်လို့ရဖို့ အတွက် အောက်မှာ ပြထားတဲ့ အဆင့်လေးတွေ အတိုင်း လိုက်ပြင် ပေးလိုက်ပါ .. 
အရင်ဆုံး မြန်မာလက်ကွက် ရိုက်လို့ရအောင် လုပ်ပါမယ် .. အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Setting ကိုသွားလိုက်ပါ .. 




အောက်ကပုံအတိုင်း FrozenKeyboard ကို အမှန်ခြစ်လေး ရွေးပေးလိုက်ပါ ..



ပြီးရင် နောက်တစ်အဆင့်  FrozenKeyboard အပေါ်မှာ ရှိတဲ့ Select input method ကိုသွားလိုက်ပါ .. 
ပြီးရင် အောက်က ပုံမှာ ပြထားတဲ့အတိုင်း FrozenKeyboard ကိုရွေးပေးလိုက်ပါ .. 


အပေါ်က အဆင့်တွေ အတိုင်း ပြောင်းပေး ပြီးသွားပြီ ဆိုရင်တော့ မြန်မာ လက်ကွက်ကို အသုံးပြုလို့ ရသွားပါလိမ့်မယ် .. နောက်တစ်ဆင့် မြန်မာစာ ပေါ်အောင် အောက်က အဆင့်အတိုင်း သွားပြီး ပြောင်းပေး လိုက်ပါ .. 
အရင်ဆုံး  Setting ကိုသွားလိုက်ပါ .. 


ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Display ကိုသွားလိုက်ပါ ..






အောက်က ပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့ Zawgyi One TTF ကိုရွေးပေးလိုက်ပါ .. 


ဒါဆိုရင်တော့ မိမိတို့ Android OS မှာ မြန်မာဖောင့်ကို ကောင်းကောင်း ရေးလို့ ဖတ်လို့ ရသွားပါလိမ့်မယ် ..






Myanmar  Fonts  Download



ဒီပို့စ်လေးကို  PDF ဖြင့် လိုချင်တယ် ဆိုရင် အောက်မှာ ယူလိုက်ပါ ..


အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..


ရေးသားသူ။    ။နေမင်းမောင်

သိထားသင့်တဲ့ ကွန်ပျူတာဆိုင်ရာ အခြေခံအချက်အလက်များ


ကျွန်တော် ဒီနေ့တော့ အားလုံးအတွက် ကွန်ပျူတာကို လေ့လာနေသူတိုင်းအတွက် သိသင့်တဲ့ အခြေခံ အချက်လေးတွေကို ရေးပေးသွားပါမယ် .. ကျွန်တော် ဒီအကြောင်းအရာ လေးတွေကို ရေးပေးသင့်တာ ကြာပါပြီ .. စာရေးရတာ အာရုံမလာတာနဲ့ မရေးဖြစ်တော့တာပါ .. ကျွန်တော် ရေးမယ်ဆိုပြီး အကြောင်းအရာ တွေစုထားလိုက် မရေးဖြစ်လိုက်နဲ့ နောက်ပိုင်းတော့ ကျွန်တော် စာများများ ပြန်ရေးဖြစ်အောင် ကြိုးစားသွားပါမယ် .. စာရေးတယ် ဆိုပေမယ့်လည်း ကျွန်တော် အဓိကထားပြီး ရေးချင်တဲ့ ပုံစံလေးကို အရင်ပြောပြ ပေးပါမယ် .. 

ကျွန်တော် အကြောင်းအရာ တစ်ခုကို ရေးပါမယ် .. ဒါပေမယ့် အဲ့ဒီအကြောင်း အရာနဲ့ ပါတ်သတ်ပြီး နားလည်နိုင်မယ် ထင်တဲ့ ပုံစံနဲ့ နည်းနည်းနဲ့ ကျဲကျဲ ရေးပေးပါမယ် .. ဒါပေမယ့် အရမ်းကြီး အသေးစိတ်ကြီးတော့ ကျွန်တော် မရေးပေးပါဘူး .. ဘာလို့ မရေးပေးတာလည်း ဆိုတာ အကြောင်းရှိပါတယ် .. ကျွန်တော်တို့ အခုစာရေးပေးနေတဲ့ ရည်ရွယ်ချက်က ကွန်ပျူတာကို လုံးဝနားမည်သေးတဲ့သူတွေ ကွန်ပျူတာကကို စပြီးအသုံးပြုခါစသူတွေ အနေနဲ့ အကြောင်းအရာ တစ်ခုထဲကိုပဲ အများကြီး ဖတ်နေရတဲ့ အခါမှာ သူတို့အနေနဲ့ အလွယ်တကူ နားလည်နိုင်ဖို့ ခက်ခဲပါတယ် .. ကွန်ပျူတာ နယ်ပယ်မှာ အကျွမ်းဝင် ပြီးသားသူတွေ အနေနဲ့ အခက်အခဲ မရှိနိုင်ဘူး ဆိုရင်တောင် စတင်လေ့လာကာစ သူတွေ အတွက်တော့ အကြောင်းအရာ တစ်ခုကို ဖတ်နေရတာနဲ့တင် ကွန်ပျူတာ အကြောင်းလေ့လာဖို့ တော်တော် စိတ်ညစ်သွားမှာ သေချာပါတယ် .. ဒါကြောင့် ကျွန်တော်က အကြောင်းအရာတစ်ခုနဲ့ ပါတ်သတ်ပြီး အများကြီး မရေးပေးဘူး .. အသေးစိတ်ပေါ့နော် .. ဒါပေမယ့် မျက်မြင် တွေ့နိုင်တာလေးတွေကို ပုံလေးတွေနဲ့ သဘောပေါက်အောင် ရေးပေးချင်ပါတယ် .. 

ဒီနေ့ကျွန်တော် ကွန်ပျူတာကို အသုံးပြုနေသူတိုင်း  ကွန်ပျူတာတစ်လုံးမှာ သိထားသင့်တဲ့ အချက်အလက် လေးတွေကို ဘယ်လိုသိအောင် လုပ်ရမယ်ဆိုတာကို ရေးပေးသွားပါမယ် .. ကွန်ပျူတာ ကိုသုံးနေပြီ ဆိုရင်တော့ မိမိသုံးတဲ့ ကွန်ပျူတာနဲ့ ပါတ်သတ်ပြီး Processor ကဘာအမျိုးအစားလည်း ၊ RUM ကဘယ်လောက်လည်း ၊ Motherboard ကဘာအမျိုးအစားလည်း ဆိုတာတွေကို မဖြစ်မနေ သိထားသင့်ပါတယ် ..  အခုကျွန်တော်ပြောတဲ့ အချက်အလက်လေးတွေကို အလွယ်တကူ သိနိုင်ဖို့အတွက် နည်းလမ်းလေးနဲ့ သိသင့်တာလေးတွေကို ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်.. 

အရင်ဆုံး My Computer မှာ Right Click ထောက်လိုက်ပါ .. ပြီးရင် Properties ကိုသွားလိုက်ပါ ..



အပေါ်က ပုံအတိုင်း ပေါ်လာပြီဆိုရင် ကျွန်တော် 123 ဆိုပြီးတော့ နံပါတ်တွေ တပ်ထားတာကို တွေ့ရပါလိမ့်မယ် .. ကျွန်တော် နံပါတ်တစ်ခုချင်း ရှင်းပြသွားပါမယ် ..

နံပါတ် ( ၁ ) မှာ ကျွန်တော်တို့က ဘာကို သိနိုင်လည်းဆိုတော့ မိမိတို့ ကွန်ပျူတာမှာ တင်ထားတဲ့ Windows အမျိုးအစားကို အလွယ်တကူ သိနိုင်မှာ ဖြစ်ပါတယ် .. မိမိတင်ထားတဲ့ Windows က Windows 7 တော့ Windows 7 ပဲ ၊ ဒါပေမယ့် Home Basic လား Professional လား Ultimate လား တစ်ခြားပြန်ပြီးတော့ မွမ်းမံထားတဲ့ Windows အမျိုးအစားတွေလား ဆိုတာကို နံပါတ် ( ၁ ) မှာကြည့်ပြီး သိနိုင်မှာဖြစ်ပါတယ် .. ပုံမှာဆိုရင် ကျွန်တော့်စက်မှာ တင်ထားတာက Windows 7 Ultimate ပါ..

နံပါတ် ( ၂ ) မှာတော့ ကျွန်တော်တို့ ကွန်ပျူတာနဲ့ ပါတ်သတ်တဲ့ Hardware ပိုင်းတွေအဖြစ် Processor နဲ့ Memory ( RUM ) ကိုဖော်ပြေပေးမှာဖြစ်ပါတယ် .. 


Professor  မှာတော့ ကျွန်တော့် Professor အမျိုးအစားက Intel ( R ) Core i5 650 ဖြစ်ပါတယ် .. Processor Speed ကတော့ 3.20 GHz  ဖြစ်ပါတယ် .. တစ်ချို့တွေ ပြောနေတာတွေ ကြားဖူးပါလိမ့်မယ် .. ငါ့ကွန်ပျူတာကတော့ i-5 ကွာ Processor Speed က 3.20 လို့ပြောတာတွေ ကြားဖူးမှာပါ .. သူတို့ ပြောနေတာ အခုကျွန်တော် ပြောပြနေတာတွေပဲဖြစ်ပါတယ် .. ဒီနေရာမှာ ကျွန်တော် ပြောချင်တာက Processor Speed ဆိုတာ Cpu ရဲ့ Performance ပါပဲ .. ဒီကောင်လေးကို Clock Speed နဲ့တိုင်းပါတယ် .. 3.20 GHz ဆိုတဲ့ Clock Speed ဆိုတာ မိမိတို့ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Processor ရဲ့ အမြန်ဆုံးလုပ်နိုင်တဲ့ Speed ပဲဖြစ်ပါတယ် .. သဘောကတော့ ကျွန်တော်တို့ အသုံးပြုနေတဲ့ Processor ဟာ 3.20 GHz ဆိုတဲ့ Speed အတွင်းမှာပဲ အလုပ်လုပ်လို့ ရမှာ ဖြစ်ပါတယ် .. အဲ့ဒီထက်ပိုပြီး အလုပ်လုပ်မယ်ဆိုရင် Processor ဟာ အပူတွေအရမ်း များပြီး ပျက်စီးတာတို့ ဖြစ်နိုင်ပါတယ် .. ဒါက Internal Speed ပါ ။ External Speed ဖြစ်တဲ့ L1 Cache တို့ L2 Cache တို့ကျန်ပါသေးတယ် .. 


Install Memory ( RUM ) ဆိုတာကတော့ မိမိတို့ ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Memory ပမာဏကို ဖော်ပြပေးမှာ ဖြစ်ပါတယ်..  တကယ်လို့ တစ်ယောက်ယောက်က မေးလို့ မင်းစက်က RUM က ဘယ်လောက်လည်း မေးရင် အခုပြောပြတဲ့ အတိုင်း ကြည်ပြီး ငါ့စက်မှာတော့ Rum 4 GB ရှိတယ်ကွာ ဆိုပြီး ဖြေလို့ ရမှာ ဖြစ်ပါတယ် .. 


ဒီကောင်လေး အကြောင်းကိုတော့ ကျွန်တော်တစ်ခါ ရေးပေးထားဖူးပါတယ် .. အခုတစ်ခါထဲ တစ်စုတစ်စည်း တည်းဖြစ်အောင် ရေးပေးလိုက်တာပါ .. System Type ကဘာကို ပြတာလည်းဆိုတော့ ကျွန်တ်ာတို့ ကွန်ပျူတာမှာ အသုံးပြု နေတဲ့ Windows အမျိုးအစားကို ဖော်ပြပေးမှာ ဖြစ်ပါတယ် .. ဒီနေရာမှာ 32 Bits တင်ထားတဲ့ သူတွေဆိုရင် 32 Bits  Operating System ဆိုပြီး ရေးပေးထားမှာ ဖြစ်ပါတယ် .. ဒါကတော့ 32 Bits နဲ့ 64 Bits အလွယ်တကူ ခွဲလို့ရတဲ့ နည်းလမ်းလေးပါ ..

ကျွန်တော်အပေါ်မှာ ပြောခဲ့တာတွေ လောက်ဆိုရင်တော့ တစ်ယောက်ယောက်က မေးခဲ့ရင် အခုလက်ရှိ အသုံးပြုနေတဲ့ ကွန်ပျူတာဟာ Processor က Core i-5 , Processor Speed က 3.20 GHzMemory က 4 GB ၊ ပြီးရင်တင်ထားတဲ့ Windows ကလည်း Windows 7  Ultimate ဆိုပြီး အလွယ်တကူ ပြောပြနိုင်မှာ ဖြစ်ပါတယ် .. ကဲပြီးရင် ဆက်ပြီးတော့ သွားလိုက်ရအောင်ဗျာ . .


အပေါ်ကပုံမှာ ပြထားသလို Rating ဆိုပြီး 5.9 Windows Experence Index ဆိုပြီး တွေ့ပါလိမ်မယ်  .. အဲ့ဒီနေရမှာ Rating ဆိုတာ မိမိတိုကွန်ပျူတာမှာရှိတဲ့ Hardware နဲ့ Software တွေရဲ့ စွမ်းဆောင် နိုင်တဲ့ ပမာဏကို အနည်းဆုံး ဖော်ပြပေးထားတာဖြစ်ပါတယ် .. ဒီနေရာမှာ တစ်ချက်သိထားဖို့ လိုတာက Windows တင်ပြီးပြီးချင်မှာ Rating ကိုတစ်ချက်သွားပြီး ကြည့်လိုက်ပါ .. အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း ပေါ်နေမှာ မဟုတ်ပါဘူး .. ဒါကြောင့် Windwos တင်ပြီးပြီ ဆိုတာနဲ့ Windows Experience Index ကို Rating လုပ်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ် .. 

ကျွန်တော် အပေါ်က ပုံမှာပြထားသလို Windows Experence Index ကို Click လိုက်ပါ .. 


အပေါ်ကပုံမှာ ပြထားသလို ပေါ်လာပြီဆိုရင်တော့ Windows Expersion Index ကိုတစ်ချက်လောက် လေ့လာ ကြည့်ရအောင်ဗျာ .. Windows Expersion Index ဆိုတာကတော့ မိမိတို့  အပေါ်မှာ ပြောခဲ့သလိုပဲ မိမိတို့ ကွန်ပျူတာမှာရှိတဲ့ Hardware နဲ့ Software တွေနဲ့ စွမ်းဆောင်နိုင်တဲ့ ပမာဏတွေကို တိုင်းတာပြီးတော့ အနိမ့်ဆုံး ပမာဏ တစ်ခုကို ဖော်ပြပေးမှာဖြစ်ပါတယ် .. ဒီကောင်လေးကို ကြည့်ပြီး ဘာကိုသိနိုင်လည်း ဆိုတော့ Base score များတာနဲ့ အမျှ မိမိတို့ ကွန်ပျူတာရဲ့ စွမ်းဆောင်ရည်ဟာ မြင့်နေမှာဖြစ်ပြီး Base Score နည်းလာတာနဲ့ အမျှ မိမိတို့ ကွန်ပျူတာရဲ့ စွမ်းဆောင်ရည်ဟာ နိမ့်ကျသွားမှာဖြစ်ပါတယ် .. 

ဥပမာ။ ။ Base score ဟာ 4 ဒါမှမဟုတ် 5 အထက်ရထားမယ်ဆိုရင် Windows 7 ကိုသုံးနေတယ် ဆိုရင် Windows 7 မှာပါဝင်တဲ့ Feature တွေကို အပြည့်အ၀ အသုံးပြုလို့ ရမှာဖြစ်ပါတယ် .. 

ဒါကြောင့် Base Score ဟာ 3 နဲ့ 3 အထက် ( 4 , 5 .. ) ရှိနေဖို့လိုပြီး 3 အောက်ရောက်နေပြီ ဆိုရင်တော့ နိမ့်နေတဲ့ Hardware ကြည့်ပြီး မြှင့်ပေးဖို့လိုပါလိမ့်မယ် .. 

ဥပမာ ။ ။ Windows Expersion Index မှာပြထားတဲ့ Base Score က 2.7 လောက်ဖြစ်နေတယ် ကျန်တာတွေ အကုန်လုံးက 4 ကျော် 5 ကျော်နေပြီးတော့ Rum တစ်ခုထဲက 2.7 ဖြစ်နေတယ်ဆိုရင် Rum ကိုထပ်တိုးပေးဖို့ လိုပါလိမ့်မယ် ..  

တကယ်လို့ Rum ကိုထပ်ပြီး မတိုးချင်ဘူးဆိုရင်တော့ အခုသုံးနေတဲ့ Windows ကိုမသုံးသင့်ပဲ အခုသုံးနေတဲ့ Windows ထက်နိမ့်တဲ့ Windows မျိုးကိုသာ အသုံးပြုသင့်ပါတယ် .. တကယ်လို့ Base Score က 3 အောက်လည်း ရောက်နေတယ် ဒီတိုင်းလည်း ပေသုံးနေတယ် ဆိုရင်တော့ စက်မှာ ကြာရင် Error တွေ တစ်ခုမဟုတ်တစ်ခု တက်လာပါလိမ့်မယ် .. 

နောက်တစ်ခုက Windows Expersion Index ကဘာ အသုံးဝင်သေးလည်း ဆိုတော့ မိမိတို့ ကွန်ပျူတာကို အသုံးပြုတဲ့ အခါမှာ စက်ကို သုံးရတာ အားမရလို့ Hardware ပိုင်း တစ်ခုခုကို Update လုပ်ပေးချင်တယ်ဆိုရင် Windows Expersion Index မှာရှိတဲ့ Base score ကိုကြည့်ပြီး အနိမ့်ဆုံး ကောင်လေးကို သာရွေးပြီး Update လုပ်ပေးလိုက်ယုံပါပဲ .. 

ဥပမာ ။ ။ မိမိတို့စက်မှာ Graphic Card က 512 MB စိုက်ထားပါတယ် .. စက်က သုံးရတာ အားမရလို့ တစ်ခုခုကို Update ထပ်လုပ်ချင်တယ်ဆိုရင် Windows Expersion Index မှာကြည့်လိုက်တော့ Graphic Card က Basic score ကအနည်းဆုံးဖြစ်နေပါတယ် .. ဒါဆိုရင် ကျွန်တော်တို့က Graphic Card ကို 512 MB အစား 1024 MB ( 1 GB ) ကိုပြောင်းပြီး စိုက်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ် .. ဒီလောက်ဆိုရင်တော့ Windows Expersion Index နဲ့ပါတ်သတ်ပြီး သဘောပေါက်သွားလိမ့်မယ်လို့ ထင်ပါတယ် .. 

နောက်တစ်ချက်ကတော့ Mother Board အမျိုးအစားတွေ Hard Disk Space တွေကို ဘယ်လိုသိနိုင်မလည်း ဆိုတာကို ဆက်ပြီး ရှင်းပြပေးသွားပါမယ် .. ဒါတွေကို မရှင်းပြခင် အောက်မှာ Bits , Bytes ရေတွက်ပုံကို ရေးပြပေးထားပါတယ် ..

1 Bits = အငယ်ဆုံး unit
1 Byte= 8 Bits
1 kbyte =1024 Byte
1 Megabyte = 1024 kbyte
1 Gegabyte = 1024 Megabyte
1 Tetrabyte = 1099  Gegabyte   ဆိုတာကိုတော့ သိထားဖို့လိုပါတယ် .

ဒီနေရာမှာ Unit တွေကို အတိုကောက် အသုံးပြုတာနဲ့ ပါတ်သတ်ပြီး ဘယ်လိုခေါ်ဝေါ်ရမယ် ဆိုတာကိုတော့ သိထားသင့်ပါတယ် .. Bits ကိုအတိုကောက်ရေး တဲ့အခါကျရင် အသေးစားလုံး b လို့ရေးရမှာဖြစ်ပါတယ် .. 

ဥပမာ ။  ။ 1 Gegabps   = 1 Gega Bit Per Second ဖြစ်ပါတယ် .. 

ဒီနေရာမှာ Byte ကိုအတိုကောက် ရေးမယ် ဆိုရင်တော့ အကြီးစာလုံး B နဲ့ရေးရမှာ ဖြစ်ပါတယ် .. 

ဥပမာ ။ ။ 1 GB = 1 Gega Byte ဖြစ်ပါတယ် .. ဒီလောက်ဆိုရင် Bit နဲ့ Byte ကွဲပြားပုံနဲ့ ပါတ်သတ်ပြီး သဘောပေါက်သွားမယ်ထင်ပါတယ် .. 

ကဲအပေါ်ကအပိုင်းကို ပြန်ဆက်ရအောင်ဗျာ .. အပေါ်မှာပြထားသလို Windows Expersion Index ကိုရောက်ပြီဆိုရင် အောက်ကပုံမှာပြထားသလို ဆက်ပြီးသွားလိုက်ပါ .. 



အပေါ်က ပုံအတိုင်း ပေါ်လာပြီဆိုရင်တော့  System မှာကြည့်လိုက်ပါ .. မိမိတို့ ကွန်ပျူတာရဲ့ Matherboard အမျိုးအစားတွေ Model တွေကို တွေ့ရမှာ ဖြစ်ပါတယ် .. အဲ့ဒီမှာ ကြည့်လိုက်ပါ ကျွန်တော့်စက်ရဲ့ Mother က Gigabyte ဖြစ်ပြီး Mother Model ကတော့ P55-US3L ဖြစ်ပါတယ် .. System Type ကတော့ 64 Bits Operation System ဖြစ်ပါတယ် .. တကယ်လို့သာ System Types နေရာမှာ 32 Bits Operation System လို့ဖော်ပြနေမယ် ဆိုရင် ကျွန်တော်တို့အနေနဲ့ 64 Bits ရှိတဲ့ Windows တွေကို အသုံးပြုလို့ ရမှာမဟုတ်ပါဘူး .. ဒီနေရာမှာတစ်ခု သိထားရမှာက 32 Bits နဲ့ 64 Bits ခွဲခြားတုန်းက ကြည့်တာနဲ့မတူပါဘူး အဲ့ဒီတုန်းက ဖော်ပြတာက မိမိတို့စက်မပေါ်မှာ တင်ထားတဲ့ Windows Oparating System ပါ .. အခုဒီကောင်မှာ ဖော်ပြထားတာက မိမိတို့ ကွန်ပျူတာမှာ အသုံးပြုခွင့်ရှိတဲ့ Windows Operating System ဖြစ်ပါတယ်..
နောက်တစ်ချက် Storage ကိုကြည့်လိုက်ပါ .. အဲ့ဒါကတော့ မိမိတို့ ကွန်ပျူတာရဲ့ Hard Disk ကိုဖော်ပြပေးထားတာ ဖြစ်ပါတယ် .. ကျွန်တော့် Hard Disk က 500 GB ဖြစ်ပါတယ် .. ဒါပေမယ့် System Partation အတွက် 34 GB ပေးလိုက်ရတဲ့အတွက် 466 GB ပဲအသုံးပြုလို့ ရမှာဖြစ်ပါတယ် .. ဒါဆိုရင် Hard Disk က ဘယ်လောက်လည်း သိချင်တယ်ဆိုရင် Storage အောက်က Total Size Of Hard Disk ကိုကြည့်လိုက်ရင် အလွယ်တကူ သိနိုင်မှာ ဖြစ်ပါတယ် .. 
နောက်တစ်ချက်ကတော့ Graphic Card ဖြစ်ပါတယ် .. Graphic ကိုဖော်ပြတဲ့အခါမှာ ကြည့်လိုက်ပါ ..Display adapter type ဆိုတာကတော့ မိမိတို့ ၀ယ်ယူထားတဲ့ Graphic ရဲ့ အမျိုးအစားပါ .. နောက်တစ်ခု Total available graphic memory ဆိုတာကတော့ မိမိတို့ကွန်ပျူတာမှာ Graphic Card အများဆုံး စိုက်လို့ ရတဲ့ ပမာဏကို ဖော်ပြပေးထားတာဖြစ်ပါတယ် .. 2781 MB ဆိုတော့ အပေါ်မှာ Unit ရေးတွက်ပုံတွေ ဖော်ပြထားသလို စဉ်းစားလိုက်ရင် 1 GB မှာ 1024 MB ဆိုတော့ 2 GB ကျော်လောက်စိုက်လို့ရပါတယ် .. Dedicate Graphic Memory ကတော့ လက်ရှိသုံးနေတဲ့ Graphic Card ရဲ့ Memory ပါ .. 1024 MB ဆိုတော့ GB နဲ့ပြန်တွက်ရင် 1 GB  ဖြစ်ပါတယ် .. ဒါဆိုရင် အများ ဆုံးပမာဏနဲ့ဆိုရင် ကွန်ပျူတာမှာ နောက်ထပ် Graphic Card 1 GB လောက်ထပ်စိုက်လို့ ရပါသေးတယ် . ဒီလောက်ဆိုရင်တော့ Graphic Card ကိုဘယ်လိုကြည့်ရမယ်ဆိုတာနဲ့ ပါတ်သတ်ပြီး သိသွားပြီလို့ထင်ပါတယ် .. 
အောက်ဆုံးက Network အောက်မှာ မိမိတို့ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Network အမျိုးအစားတွေရဲ့ Adapter တွေကို ဖော်ပြေပေး ထားတာ ဖြစ်ပါတယ် ..
ဒီလောက်ဆိုရင်တော့ ကွန်ပျူတာ မှာအခြေခံ အနေနဲ့ သိသင့်သိထိုက် တာလေးတွေကို သိသွားပြီလို့ ထင်ပါတယ် .. 

ဒီပို့်စ်လေးကို PDF File ဖြင့်လိုချင်တယ်ဆိုရင် အောက်မှာ ဒေါင်းလော့ချပါ ..

Download  From  Ifile.it


Download  From  Mediafire


အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ .. 

               ရေးသားသူ။            ။ အထွေးလေး

Thursday, 22 March 2012

Phone ပေါ်မှာ Zawgyi မြန်မာ Font နှင့် Zawgyi မြန်မာ Keyboard တို့ကို အသုံးပြုနည်း


iPhone ပေါ်မှာ Zawgyi မြန်မာ Font နှင့် Zawgyi မြန်မာ Keyboard တို့ကို အသုံးပြုနည်း

      iPhone ပေါ်မှာ မြန်မာစာ ဖတ်ဖို့၊ မြန်မာစာ ရိုက်ဖို့ အတွက် မြန်မာ Font နဲ့ မြန်မာ Keyboard တို့ကို iPhone ထဲမှာ Install လုပ်ပေးဖို့ လိုပါတယ်။ မြန်မာ Font နဲ့ မြန်မာ Keyboard တို့ကို Install မလုပ်ခင် iPhone ကို

Jailbreak လုပ်ဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ iPhone iOS version 4.3. အတွက်ပဲ ရှင်းပြ ပေးသွာမှာပါ။ ပြုလုပ်နည်း အဆင့်ဆင့်ကတော့ တခြား Version တွေလဲ အတူတူ ပါပဲ။ မြန်မာ Font install လုပ်နည်းကိုတော့ iPhone version iOS5 နဲ့ 5.0.1 တို့ အတွက် လည်းသုံးလို့ ရပါတယ်။







 Jailbreak လုပ်ထားပြီးသော iPhone home scream ပေါ်မှ Cydia ကိုနိုပ်ပါ။ ပေါ်လာသော scream ပေါ်မှ Manage > Sources > Edit > Add ကိုရွေးပါ။ ပေါ်လာတဲ့ box လေးထဲကို http://cydia.macforus.com လို့ ရိုက်ပြီး Add Source ကို နိုပ်ပါ။ cydia.macforus.com ဆိုပြီး တွေ့ရမှာပါ။






















 Zawgyi မြန်မာ Font ထည့်နည်း





အဆင့် (၁) cydia.macforus.com ကိုနိုပ်ပါ။ ပေါ်လာသော list ထဲမှ Zawgyi iOS 4.3 Font 

               (Zawgyi iOS Font for 4.0 or later) ကိုရွေးပေးပါ။

               {မှတ်ချက် ။      ။  မိမိ ရဲ့ iOS version အလိုက် ရွေးနိုင်ပါတယ်။}









အဆင့် (၂) Install ကို နိုပ်ပါ။ Confirm ကို နိုပ်ပါ။









အဆင့် (၃) ပြီးရင် Restart SpringBoard ကိုနိုပ်ပါ။









Zawgyi မြန်မာ Keyboard ထည့်နည်း




အဆင့် (၁) cydia.macforus.com ကိုနိုပ်ပါ။ ပေါ်လာသော list ထဲမှ Zawgyi Keyboard for iPad

               (This package is only for iOS 4.2 or later) ကိုရွေးပေးပါ။

               {မှတ်ချက် ။      ။  မိမိ ရဲ့ iOS version အလိုက် ရွေးနိုင်ပါတယ်။}







အဆင့် (၂) Install ကို နိုပ်ပါ။ Confirm ကို နိုပ်ပါ။









အဆင့် (၃) ပြီးရင် Restart SpringBoard ကိုနိုပ်ပါ။









အဆင့် (၄) iPhone home scream ပေါ်မှ Settings > General > Keyboard >

               International Keyboards > Add New Keyboard...ထဲမှ Myanmar မြန်မာ ကို ရွေးလိုက်ပါ။ 

















 အဆင့် (၅) အောက်မှာ ပြထားတဲ့ ပုံများအတိုင်း မြန်မာစာကို iPhone ပေါ်မှာ သုံးလို့ရသွားပါပြီ။






                    သူငယ်ချင်းတွေခဏခဏမေးလို့ရှာကြံပီးခုမှတင်ပေးဖြစ်တော့တယ်ဗျား..... အခုဟာက iphone,ipad အတွက်ပါ... အခုဒါလေးပဲ တင်နိုင်သေးတယ်... အချိန်ရရင် Samsung Galaxy  အတွက်ရှာ ပီး တင်ပေးပါဦးမယ်.....


                 ဒါက ကိုစေတန်ရေးသားပြုစုထားတဲ့ ပို့စ်လေးပါ..... မြန်မာစာကို iPhone, iPad တို့ပေါ်မှာ အသုံးပြုလို့ ရအောင် ဖန်တီးပေးသော Apple developer ကိုစေတန် ကို အထူးကျေးဇူးတင်ပါတယ်။

Sunday, 4 March 2012

ထားဝယ်သားလေး


တခဏလေး.....ငါနင်နဲ့ဆုံတွေ့ဖူးတယ်.........ရင်ခုန်သံတွေရဲ့.....မညီမညာတုံ့ပြန်သံကို.........ငါ....ကြားလိုက်ရသလိုဘဲ့.....ငါ....ရင်ခုန်နေတာလား......အချစ်ဆိုတဲ့တုံ့ပြန်သံလား........ငါလေ....နင့်ကိုတွေ့ချင်တယ်.....ငါလေ......နင့်အသံလေးကို......အထပ်ထပ်ကြားချင်ရင်းပေါ့.........မေ့ဖျောက်ပစ်ဖို့ ငါကြိုးစားတိုင်း...ငါလေ.....မလုပ်နိုင်ခဲ့ဘူး........အချစ်ရဲ့ သိမ်မွေ့မှု့ကို......ငါလေခံစားတတ်ပြီ.........အချစ်ရယ်......ငါလေ....နင့်ကို.....ပိုင်ဆိုင်ခြင်းတွေနဲ့.......ငေးမောခွင့်ရချင်လိုက်တာ........နင်ရယ်.......ငါ့အချစ်တွေကို.....ထိတွေ့ခွင့်ပေးပါလားချစ်သူရယ်.........အချစ်ရဲ့နူးညံ့သိမ်မွေ့မှု့တွနဲ့......ဘ၀ရဲ့ အလှတရားတွေကို.....ဖန်ဆင်းရင်းနဲ့လေ.......စာနာနားလည်မှု့.......အမှတ်တရလေးတွေနဲ့ပေါ့........      ~~~~~*****thet *****~~~~~